ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျင်းပပြီးစီး

ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျင်းပပြီးစီး
by -
ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ လက်အောက်ခံ ကရင်လူငယ်ရေးရာ ဆပ် ကော်မတီက ဦးစီးပြုလုပ်သည့် ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကို မတ်လ ၂၄ရက်မှ ၂၈ရက်နေ့ အထိ ဆောင်ရွက်ပြီးစီးခဲ့သည်။

၎င်းသင်တန်းကို ပန်းတနော်မြို့နယ်နှင့် အနီးတဝိုက်ရှိ လူငယ်များ ချိတ်ဆက်ကာ အမျိုးသားရေးလုပ်ငန်းများကို ပိုမို လက်တွဲ ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ပန်းတနော် ကရင်လူငယ်ရေးရာဆပ်ကော်မတီ တာဝန်ခံ စရဲရဲက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကျနော်တို့ကတော့ ဒီသင်တန်းကို နှစ်တိုင်းလုပ်နိုင်အောင်တော့ လျှောက်လှမ်းနေပါတယ်။ ဒီသင််တန်းလုပ်တာက ဒေသထဲမှာ ရှိတဲ့ ကရင်လူငယ်အချင်းချင်း မိတ်သဟာရဖြစ်စေပြီးတော့မှ ကျနော်တို့ရဲ့ အမျိုးသားရေးကို ပိုမို တိုးတက်အောင် လုပ်ဆောင် နိုင်အောင်ပေါ့”ဟု စရဲရဲက ပြောသည်။

ငါးရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါသင်တန်းတွင် ပညာရေးဆိုင်ရာ အသိပညာများ၊ ဥပဒေဆိုင်ရာ ဗဟုသုတများ၊ လူမှုပတ်ဝန်း ကျင်ဆိုင်ရာ အတွေးအခေါ်များ၊ လူ့အခွင့်ရေးဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးနှင့်  ကရင့်သမိုင်းကြောင်းတို့ကို  ကရင်စာရေး ဆရာများမှ ပြန်လည် ဟောပြောပို့ချခဲ့ကြောင်း သင်တန်းတာဝန်ခံက ပြောသည်။

၎င်းသင်တန်းသို ့ ပန်းတနော်မြို့နယ်အတွင်းမှ ရွာတစ်ရွာလျင် အနည်းဆုံး သုံးဦး အပါအဝင် တစ်မြို့နယ်လုံးနီးပါးမှ သင်တန်း သား ၁၅၀ကျော် တက်ရောက်ခဲ့သလို လှိုင်သာယာ၊ ကျုံပျော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ ဓနုဖြူ စသည့်မြို့နယ်များမှ လေ့လာသူ အချို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

သင်တန်းတက်ရောက်ခဲ့သူ မြောင်းမြမြို့နယ်၊ ဒနုံးချောင်းကျေးရွာမှ စသူရိန်လင်းက “အဓိက သင်တန်းလာတက်ရတဲ့ ရည်ရွယ် ချက်ကတော့ ခေါင်းစဉ်မှာကတည်းက ကရင်လူငယ်ဆိုတော့ ကိုယ့်အမျိုးသား၊ ကိုယ့်လူမျိုးတွေအတွက် အထူးသဖြင့် ကျနော် တို့လူငယ်တွေအတွက် အသိပညာတွေ ရရှိအောင် လာတက်တာပါ။ ဒါပေမယ့် သင်တန်းချိန်ကနည်းတော့ အနည်းဆုံး ၁၀ရက်က ၁၅ရက်ဆိုရင် ပိုအကျိုးရှိမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပန်းတနော် ကရင်လူငယ် ဆပ်ကော်မတီအနေဖြင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကို ၂၀၁၃ခုနှစ်တွင် စတင် ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် နှစ်က ပန်းတနော်မြို့နယ်၊ ထွန်းပပျဉ်းကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ယခုနှစ် သင်တန်းကို Youth Circle (ရန်ကုန်)နှင့် ပူးတွဲ ပြုလုပ် ခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...