နာရီပိုင်းမှာပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ထပ်မံ တားဆီး ခံနေရ

နာရီပိုင်းမှာပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ထပ်မံ တားဆီး ခံနေရ
by -
ကေအဲန်ဂျီ
လွန်ခဲ့သည့် ၂ နာရီခန့် ၀ါးရှောင်ဂိတ်မှ ထွက်ခွာလာသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ဘွမ်တောင် အစိုးရတပ် စခန်း မရောက်မီ ထပ်မံ တားဆီး ခံနေရသည်။

ဘွမ်တောင် (Bum Tawng) စခန်းသည် အစိုးရတပ်မှ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS အား တစ်ပတ်တိတိ ပိတ်ပင် တားဆီး ထားသော ၀ါးရှောင်ဂိတ်နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာဖြစ်သည်။

ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းစခန်း ဖြစ်သော ဘွမ်တောင် (Bum Tawng) စခန်းရှိ ရဲမှူးကြီးက ၀ါးရှောင်ဂိတ်တွင် လူများလာသဖြင့် နေရာပြောင်းခြင်းသာဖြစ်သည်ဟု ပြောလာကြောင်း သိရသည်။

ထို့ကြောင့် PJS အဖွဲ့ဝင်များမှာ ဒေါသတကြီးဖြင့် စိတ်ဆိုးနေကြကြောင်းလည်း သိရသည်။

PJS ၏ သတင်းများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...