နာရီပိုင်းမှာပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ထပ်မံ တားဆီး ခံနေရ

နာရီပိုင်းမှာပဲ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ ထပ်မံ တားဆီး ခံနေရ
by -
ကေအဲန်ဂျီ
လွန်ခဲ့သည့် ၂ နာရီခန့် ၀ါးရှောင်ဂိတ်မှ ထွက်ခွာလာသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ဘွမ်တောင် အစိုးရတပ် စခန်း မရောက်မီ ထပ်မံ တားဆီး ခံနေရသည်။

ဘွမ်တောင် (Bum Tawng) စခန်းသည် အစိုးရတပ်မှ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS အား တစ်ပတ်တိတိ ပိတ်ပင် တားဆီး ထားသော ၀ါးရှောင်ဂိတ်နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာဖြစ်သည်။

ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းစခန်း ဖြစ်သော ဘွမ်တောင် (Bum Tawng) စခန်းရှိ ရဲမှူးကြီးက ၀ါးရှောင်ဂိတ်တွင် လူများလာသဖြင့် နေရာပြောင်းခြင်းသာဖြစ်သည်ဟု ပြောလာကြောင်း သိရသည်။

ထို့ကြောင့် PJS အဖွဲ့ဝင်များမှာ ဒေါသတကြီးဖြင့် စိတ်ဆိုးနေကြကြောင်းလည်း သိရသည်။

PJS ၏ သတင်းများကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...