ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဆုတောင်းပြီး ဘိန်းခင်း ဧက ထောင်ပေါင်းများစွာ ရှိသော ကန်ပိုင်တီသို့ အင်အား ၄၀၀၀ ခန့်ရှိ ကချင်လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့များ ထွက်ခွာသွားခြင်းဖြစ်သည်။ ၎င်းတို့ကို တခဲနက် အားပေးကြသော လူထု ထောင်ပေါင်း များစွာလည်း အတူ လိုက်ပါပို့ဆောင် သွားနေပြီဖြစ်သည်။
ယခု အစီစဉ်တွင် မူးယစ်ဆေးဝါး (ဘိန်း) တိုက်ဖျက်ရေး အဖွဲ့ PJS ၀တ်စုံ ၀တ်ဆင်ခြင်းနှင့် အလံကိုင်ဆောင်ခြင်း မပြုဘဲ ရိုးရိုးအဝတ်ဖြင့်သာ ချီတက်နေခြင်းဖြစ်သည်။
ကန်ပိုင်တီ ဘိန်းခင်းရှိရာဒေသနှင့် ယခု စတင်ထွက်ခွာရာ နေရာအတွင်း အစိုုးရနှင့် နယ်ခြားစောင့်တပ် ဂိတ်များမှာ ၅ ခု ထက် မနည်းရှိနေသေးဟု သိရသည်။
အစိုးရက တရားဝင်ခွင့်ပြုခြင်း မရှိသော်လည်း “အကူညီ” ပေးသွားမည်ဟု ပြောထားကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောသည်။







