ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ

ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ
by -
ကေအဲန်ဂျီ
အစိုးရမှ တစ်ပတ်တိတိ တားဆီး ထားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ၀ါးရှောင်ဂိတ်၊ ချီဖွေ-ဆဒုံး လမ်းခွမှ ကန်ပိုင်တီသို့ ယနေ့ မြန်မာစံတော်ချိန် ၂ နာရီမှ စတင် ထွက်ခွာနေပြီ ဖြစ်သည်။

ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဆုတောင်းပြီး ဘိန်းခင်း ဧက ထောင်ပေါင်းများစွာ ရှိသော ကန်ပိုင်တီသို့ အင်အား ၄၀၀၀ ခန့်ရှိ ကချင်လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့များ ထွက်ခွာသွားခြင်းဖြစ်သည်။ ၎င်းတို့ကို တခဲနက် အားပေးကြသော လူထု ထောင်ပေါင်း များစွာလည်း အတူ လိုက်ပါပို့ဆောင် သွားနေပြီဖြစ်သည်။

ယခု အစီစဉ်တွင် မူးယစ်ဆေးဝါး (ဘိန်း) တိုက်ဖျက်ရေး အဖွဲ့ PJS ၀တ်စုံ ၀တ်ဆင်ခြင်းနှင့် အလံကိုင်ဆောင်ခြင်း မပြုဘဲ ရိုးရိုးအဝတ်ဖြင့်သာ ချီတက်နေခြင်းဖြစ်သည်။

ကန်ပိုင်တီ ဘိန်းခင်းရှိရာဒေသနှင့် ယခု စတင်ထွက်ခွာရာ နေရာအတွင်း အစိုုးရနှင့် နယ်ခြားစောင့်တပ် ဂိတ်များမှာ ၅ ခု ထက် မနည်းရှိနေသေးဟု သိရသည်။

အစိုးရက တရားဝင်ခွင့်ပြုခြင်း မရှိသော်လည်း “အကူညီ” ပေးသွားမည်ဟု ပြောထားကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...