ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်

ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဂွေခါလမ်းဘက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA အကြား နိုဝင်ဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဂျရာယန်(Ja Ra Yang) ကျေးရွာအနီး KIA တပ်ရင်း(၆) ရှေ့တန်းစခန်းရှိရာသို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းကြောင့်  နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားကာ (၁၀)မိနစ်ကျော် ကြာကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူက KNG သို့ အတည်ပြုပြောသည်။

အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၄၂၁ နှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တပ်အပြောင်းအလဲ ခေါင်းစဉ်ဖြင့် ဂျရာယန်(Ja Ra Yang)ရွာဘက်ကို အစိုးရတပ် အင်အား ဖြည့်တင်း လာပြီးနောက် KIAနှင့် တိုက်ပွဲဖြစ်လာကြောင်း၊ အစိုးရတပ်များ ဆက်လက် တိုက်ခိုက်လာလျှင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
 
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၂)၊ တပ်ရင်း(၈)နှင့် တပ်ရင်း(၃၆) နယ်မြေများတွင်လည်း အစိုးရတပ်များနှင့် နိုဝင်ဘာ ၂၉ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ဆက်လက် ပြောဆိုသည်။

ယခုလုပ်ရပ်သည် အစိုးရတပ်၏ KIA ကို တိုက်ခိုက်ခြင်း သက်သက်ဖြစ်ပြီး KIA မှ ကောင်းကောင်း တုံ့ပြန်တိုက်ခိုက်လာလျှင် အစိုးရတပ် အပြင်းအထန်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ ၈ ရက်နေ့၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာ မလွှဲပြောင်းမီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးသေးသော KIA နှင့် ရှမ်းပြည်နယ်ရှိ အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို လေကြောင်း အကူညီဖြင့် တိုက်ခိုက်ခဲ့သည်။

ယခုအချိန်ထိ KIA အနေဖြင့် အစိုးရတပ်ကို စတင်တိုက်ခိုက်ခြင်း မပြုဘဲ အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ရှောင်ပေးနေရကြောင်း သိရသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...