အစိုးရတပ်နှင့် KIA ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

အစိုးရတပ်နှင့် KIA ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား
by -
ကချင်သတင်းဌာန
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် NCA ကိစ္စ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင် များနှင့် ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ နေပြည်တော် ရောက်ရှိနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား ၂ရက် ဆက်တိုက် ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၉) နယ်မြေနှင့် ကချင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် နယ်စပ် KIA တပ်မဟာ(၃) တပ်ရင်း(၁၂) နယ်မြေမှာ စက်တင်ဘာ ၈ရက်နေ့မှစပြီး နှစ်ဖက်တပ်ကြား အချိန်တို ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့အနောက်တောင်ဘက် မိုးမိတ်-ဗန်းမော် ကားလမ်းမပေါ် စီကော်ရွာတဝိုက်တွင် နှစ်ဖက်တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ရင်း(၉) နယ်မြေ ကွတ်ခိုင်နှင့် မူဆယ်ကြားတွင်လည်း အစိုးရတပ်နဲ့ ယမန်နေ့မှ ယနေ့ထိ ပစ်ခတ်တိုက်ခိုက်မှုှုများရှိကြောင်း တပ်မဟာ(၄) KIA အရာရှိတစ်ဦး အတည်ပြု ပြောဆိုပါသည်။

ယခုလို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ရက် ဆက်တိုက်ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများတွင် နှစ်ဖက်တပ်မှာ ထိခိုက်သေဆုံးမှု မည်မျှ ရှိ မရိုကို မသိရသေးပါ။

လွန်ခဲ့သော နှစ်ရက်မှ KIA ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ပတ်လည် ရှေ့တန်းစခန်းများတွင် တပ်အပြောင်းအလဲ ခေါင်းစဉ်ဖြင့် အစိုးရ စစ်အင်အားသစ်များ တိုးချဲ့ချထားနေကြာင်း အစိုးရနှင့် KIO ပူးတွဲ ပဏ္ဍိပက္ခဖြေရှင်းရေး ကော်မတီဝင် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယမန်နေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်သားများကို ကားဖြင့် လိုင်ဇာ ရှေ့တန်းစခန်းများသို့ ပို့ထားသည်ကို မြင်ရသော်လည်း ယခင်ရှိနေသောစစ်သားများပြန်သွားခြင်း ထင်ထင်ရှားရှား မတွေ့ရဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

NCA စာချုပ် ကို အားလုံးပါ၀င် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (SD)မှ ကိုယ်စားလှယ်(၃)ဦး အပါအဝင် အဖွဲ့(၅)ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

၎င်းဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပါဝင်တက်ရောက် လျှက်ရှိသည်။

KIO က အစိုးရနှင့် စစ်ရှိန်လျှော့ချရန်နှင့် NCA စာချုပ် (မူကြမ်း) ကို သဘောတူ လက်မှတ်ရေးထိုး ထားသော်လည်း အစိုးရဖက် လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါဝင်မှ NCA စာချုပ် လက်မှတ်ရေးထိုးမည်ဟု ကြေညာ ချက်ထုတ်ပြန်ထားသည်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...