သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) CNRWG မိတ်ဆက်

သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) CNRWG မိတ်ဆက်
by -
ခိုနူမ်းထုန်

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ (CNRWG) မှ ရေးသားပြုစုထားသော သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) မိတ်ဆက်သည့် သတင်းစာရှင်း လင်းပွဲတရပ်ကို ကလေးမြို့ မင်းကြီးဟိုတယ်တွင် အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်း ၂ နာရီက ကျင်းပခဲ့ကြသည်။

ချင်းပြည်နယ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနှင့် မူဝါဒများရေဆွဲရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အမြင်သဘောထားသိရှိနိုင်ရန်နှင့် အထောက်အပံ့ပြုနိုင်ရန်ဖြစ်နိုင်ရန်အတွက် ယခုကဲ့သို့ မှတ်တမ်းပြုစုရခြင်းဖြစ်သည်ဟု CNRWG မှ ဒါရိုက်တာ ဦးလျန်းခန့်တွောင်က ပြောသည်။

“ ပြည်နယ်အတွက် မူဝါဒကောင်းဖြစ်လာဖို့ ရှူထောင့်ပေါင်းစုံလိုအပ်ပါတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အမြင်ကလည်း အရေးကြီးပါတယ်၊ အရပ်ဖက်အမြင်အားကောင်းမှ မူဝါဒကောင်းဖြစ်လာမယ်လို့ ယူဆတယ်၊ ဒါကြောင့် ဒီကိစ္စကို မဖြစ်မနေ ကြိုးစားပြီးလုပ်တာဖြစ်တယ်၊ မူဝါဒကောင်းရှိမှ ကျနော်တို့ဘဝတွေ စီးပွားရေး ရင်းနှီးမြှပ်နှံတွေ တကယ်အကျိူးအမြတ်ခံစားမှာပါ၊ ဒါကြောင့် ဒီကိစ္စကို ၂၀၁၃ ကနေစပြီးလုပ်လာကြတာပါ’’ ဟု ဦးလျန်းခန့်တွောင်ကပြောသည်။

အခန်း (၁၀) ပါ၀င်သည့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) ကို သက်ဆိုင်ရာ ချင်းပြည်နယ်တာဝန်ရှိသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အခြားသော အရပ်ဖက်လူမှုအဖွဲ့အစည်းများပိုမိုသိရှိလာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“ တာဝန်ရှိတဲ့ လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပြုတဲ့ ကဏ္ဍက ဒီကိစ္စကို သတိထားမိအောင် တတ်နိုင်တဲ့လမ်းကြောင်းကနေ တောက်လျှောက်ကြိုးစားသွားမယ်’’ ဟု CNRWG ဒါရိုက်တာကပြောသည်။

ကလေးမြို့တွင် အခြေစိုက်ထားသော CNRWG အဖွဲ့သည် ၂၀၁၂ ခုနှစ် ချင်းပြည်နယ် မြွေတောင်ဖားတောင် သတ္တုတူးဖော်ရေးစီမံကိန်းကို အကြောင်းပြုပြီး ဒေသလိုအပ်ချက်များလုပ်ဆောင်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ချင်းတောင်သယံဇာတစောင့်ကြည့်ရေးလုပ်ငန်းကို အဓိကလုပ်ဆောင်ကာ ပရဟိတ လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...