ချင်းပြည်နယ်တွင် လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်ခြင်းမပြုရန် ပြည်နယ်အစိုးရ သတိပေး

ချင်းပြည်နယ်တွင် လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်ခြင်းမပြုရန် ပြည်နယ်အစိုးရ သတိပေး
by -
ခိုနူမ်းထုန်
ချင်းအက်ဥပဒေအရ ချင်းပြည်နယ်တွင် လိုင်စင်မဲ့သေနတ် ကိုင်ဆောင်ပါက ထောင်ဒဏ် (၇) နှစ်ထိ ချခံနိုင်သည့်အတွက် လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနသို့ အပ်နှံကြရန် ချင်းပြည်နယ်ဥပဒေအရာရှိချူပ် ပူးဆန်နီထန်ကျူံးကပြောသည်။

“ ချင်းအက်အရ ချင်းပြည်နယ်မှာ လိုင်စင်ရှိတဲ့သေနတ်တော့ကိုင်ဆောင်ခွင့်ရှိတယ် ခုနောက်ပိုင်းတော့ လိုင်စင်ထုတ်မပေး တော့ဘူး၊ ကျေးရွာတွေမှာ ရ၅ ရာခိုင်နှုန်းလောက်က လိုင်စင်မဲ့သေနတ်တွေဘဲကိုင်နေကြတယ်၊ လွှတ်တော်ကလည်း တောရိုင်းတိရိစ္ဆာန်တွေ ချင်းပြည်နယ်မှာ မျိူးပျက်တော့မယ်ကာကွယ်ဖို့လိုလာပြီဆိုပြီး ပြောတာတွေရှိ တာပေါ့နော်၊ ဒါကြောင့် သေနတ်တွေရှိတယ်ဆိုရင်တော့ မကိုင်တော့နဲ့ ရဲမှာအပ် ဒါမှမဟုတ်ရင် လွင့်ပစ်ကြပါ’’ ဟု ပူးဆန်နီထန်ကျူံးကပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် အကယ်၍ လိုင်စင်မဲ့သေနတ်များအား ရှာဖွေဖမ်းဆီးအရေးယူဆောင်ရွက်မှုများပြုလုပ်လာပါက ထောင်ဒဏ်(၇) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အာမခံလည်း ပေးလို့မရသည့်အတွက် လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သည့် ချင်းပြည်သူများအနေဖြင့် ဆက်လက်ကိုင်ဆောင်ခြင်းမပြုကြရန် အသိပေးနှိုးဆောင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ချင်းအက်ဥပဒေအရ သေနတ်သည် အမွေပစ္စည်းတွင်ပါ၀င်သည့်အတွက် လိုင်စင်ရှိသေနတ်ကိုမူ ဆက်လက်ကိုင်ဆောင် ခွင့်ရှိသော်လည်း အစိုးရအနေဖြင့် သေနတ်လိုင်စင်အသစ်မချပေးတော့ကြောင်း ဥပဒေအရာရှိချူပ်က ပြောသည်။

“ကျွန်တော်တော့ တစ်နှစ်တကြိမ် သေနတ်လိုင်စင်သက်တမ်းတိုးရတယ်၊ တစ်နှစ် သက်တမ်းတိုးခ ကျပ်ငွေ – (၁၅၀၀) ပေးရတယ်” ဟု ဒေသခံ တစ်ဦးက ခိုနုမ်းသုန် သတင်းဌာနကို ပြောပြသည်။

ချင်းပြည်နယ်တွင် ကာတို၊ နှစ်လုံးပြူး သေနတ်နှင့် အမဲလိုက်ရာတွင် အသုံးပြုလေ့ရှိကြသော လက်လုပ်သေနတ်များကို ကိုင်ဆောင်နေကြသည်။ လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူများပြားလာသည်နှင့်အမျှ အမဲလိုက်သူများပြားလာသည့်အတွက် တောရိုင်းတိရိစ္ဆာန်များ မျိူးသုန်းပျောက်ကွယ်နိုင်ဖွယ်ရှိလာကြောင်းသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...