အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အခြေခံမူ အကြံပြုချက်များ ဟားခါးတွင်ဆွေးနွေး

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အခြေခံမူ အကြံပြုချက်များ ဟားခါးတွင်ဆွေးနွေး
by -
ခိုနူမ်းထုန်
အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ဇွန်လ ၁၂ မှ ၁၃ ရက်နေ့အထိ နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိူးများရေးရာစင်တာ ( Ethnic Nationalities Affairs Center) မှ ဦးဆောင်ပြုလုပ်သော ယင်းဆွေးနွေးပွဲတွင် ကျမ်းမာရေး၊ ပညာရေး၊ မြေယာ၊ သဘာဝ သယံဇာတ ဆိုင်ရာမူဝါဒ၊စိုက်ပျိူးရေး ဆိုင်ရာ၊ ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်များဆိုင်ရာ မူဝါဒ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဆိုင်ရာမူဝါဒ၊ အခွန်ကောက်ခံခြင်း ဆိုင်ရာ မူဝါဒနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ မူဝါဒများ စသည့်ခေါင်းစဉ်ဖြင့် ကဏ္ဍအ လိုက်ခွဲပြီး ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံရေးကိစ္စ၊ ပြည်ပမှာ ထွက်ခွာကြတဲ့ ဒုက္ခသည်တွေ ပြန်လာရင် ဘယ်လို နေရာချထား ရေးလုပ်ပေးမလဲ၊ ဖက်ဒရယ်ပြည်ထောင်စု ရရှိလာရင် ဘယ်လို တက်လှမ်းမလဲ စတဲ့အချက်တွေ ဆွေးနွေး ကြတယ်။ အခုအထိတော့ ကျွန်တော်တို့ဆွေးနွေးမှုက အဆင် ပြေတယ် လို့ မြင်ပါတယ်” ဟု တိုင်းရင်းသားလူမျိူးများရေးရာစင်တာမှ စီမံကိန်း မန်နေဂျာ ပူးဇိုးသုန်မှုန်းကပြောသည်။

အဆိုပါခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ တဝန်းလုံးရှိ တိုင်းနှင့်ပြည်နယ်များတွင် ကျင်းပပြု လုပ်ပြီး ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲသည် နောက်ဆုံး ကျင်းပပြုလုပ် သည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။

“အခုဆွေးနွေးမှာ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ ကနေ ရေးသားပြုစု တဲ့ အချက်တွေအပေါ်မှာ ပြန်လည် သုံးသပ်ဆွေးနွေးတာဖြစ်တယ်။ အချက်တော် တော်များ ဆွေးနွေးပြီးတော့ ပြင်ဆင်မှုတွေ ပြုလုပ် ကြတယ်။ ဒီလိုပြင်ဆင်မှုလုပ် တာတွေကို တာဝန်ရှိသူတွေက ပြန်လည်စုစည်းပြီးတော့ လာမည့် (၂၁) ရာစု ပင်လုံညီလာခံမှာ တင်ပြဖို့ဖြစ်တယ်” ဟု ပူးချိန်းမန်း၊ ဟားခါးမြို့ မြို့မိမြို့ဖ ဥက္ကဌက ခိုနုမ်းသုန် သတင်းဌာန ကိုပြောပြခဲ့သည်။

ယင်းဆွေးနွေးတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့အသီးသီး မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ခန့်တက်ရောက်ခဲ့ကြသည်။
 
ဆွေးနွေးပွဲတွင် အဖွဲ့လိုက် (၆) ဖွဲ့ခွဲပြီး ကဏ္ဍအလိုက် ဆွေးနွေးခဲ့ခြင်းဖြစ်ရာ အဖွဲ့အ လိုက်ဆွေး နွေးကြ သည့်အချက်များကို ဆွေးနွေးပွဲတက်ရောက်သူ အားလုံးက အတည်ပြုမှု ပြုလုပ်ခဲ့သည် ဟု သိရသည်။

တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ( Ethnic Nationalities Affairs Center – ENAC) သည် ၂၀၁၃ ခုနှစ် တွင်ဖွဲ့စည်းထူထောင်ပြီး ထိုင်းနိုင်ငံ၊ ချန်းမိုင်မြို့တွင် ရုံးစိုက်ကာ မြန်မာနိုင်င ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စု ရရှိရေးအတွက် လုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်နေ သည့် အဖွဲ့ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...