အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဘုံသဘောထားကို အခြေခံပြီး (၂၁) ပင်လုံတွင် အဓိကထားဆွေးနွေးမည်

အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဘုံသဘောထားကို အခြေခံပြီး (၂၁) ပင်လုံတွင် အဓိကထားဆွေးနွေးမည်
မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၂၁) ရာစုပင်လုံ အစည်းအဝေးတွင် အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသော ဘုံသဘောထားများကို အခြေခံပြီး အဓိကဆွေးနွေးသွားကြမည်ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။

“အမျိူးသားအဆင့်နို်င်ငံရေးဆွေးနွေးပွဲကနေ ဘုံသဘောထားရရှိချက်တွေကို ပင်လုံမှာတင်ပြသွား မှာဖြစ်တယ်၊ အဲဒီအခြေခံအောက်မှာ ကျနော်တို့ဆွေးနွေးမယ် အဲဒီအတွက်က UPDJC လုပ်ငန်း ကော်မတီက အစည်းအဝေးထိုင်တယ် အဲဒီမှာကျနော်တို့သဘောထား တွေ ပြန်ပြီးတော့စုစည်းတယ် အဲဒါကို ပင်လုံမှာချပြမှာဖြစ်တယ်’’ ဟု ပူးထက်နီကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ( UPDJC) ကို အစိုးရ၊လွှတ်တော်၊တပ်မတော်တို့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ စသည့် အစုအဖွဲ့ သုံးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိူးသားအဆင့်နို်င်ငံရေးဆွေးနွေး ပွဲအသီးသီးမှ တင်ပြလာသော ဘုံသဘောတူညီချက်များကို ပြန်လည်စုစည်းကာ (၂၁)ပင်လုံ ဒုတိယ အစည်းအဝေးတွင် တင်ပြမှာဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ချင်းအမျိူးသား တပ်ဦး CNF မှ ကိုယ်စားလှယ် ၁၉ ဦး ကိုယ်တက် ရောက်မည်ဖြစ်ပြီး ပါ၀င်သင့်ပါ၀င်ထိုက်သူ ၂ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး နှင့် နည်းပညာ အထောက်အကူ ၄ ဦး တို့တက်ရောက်ြ ကမည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်မည့် ချင်းအမျိူးသားတပ်ဦး CNF မှ ကိုယ်စားလှယ်အမည်စာရင်းများ

1.    Dr. Lian Hmung Sakhong (Vice Chairman- 2)
2.    Pu Thang Ning Kee (VCM-3)
3.    Salai Thla Hei (General Secretary)
4.    Dr. Sui Khar (AGS-1)
5.    Pu Thet Ni (AGS-3)
6.    Pu Ralhnin Hlawnceu (CEC)
7.    Pu Rokhawma (CEC)
8.    Col. Solomon (CEC)
9.    Pu Paul Sitha (CEC)
10. Pu Ram Kulh Cung (CEC)
11. Pu Bawi Lian Mang (CEC)
12. Salai Biak Pum (CEC
13. Col. Biak Ling (CC)
14. Pu Thang Yen   (CC)
15. Pu Lalramlawma (CC)
16. Pi Nleng Kee (CC)
17. Pi Cing Zam Vung (CC)
18. Pi Lalhmangaihzuali (CC)
19. Pu Vung Za Khai

ပါဝင်သင့်ပါဝင်ထိုက်သူ
1.    Rev. Tluang Ceu
2.    Pu Thang Shing

တိုင်းရင်းသားကိုယ်စားလှယ်

1.    Pu Nai Thoung
2.    Pu Victor Biak Lian

နည်းပညာအထောက်အကူပြု

1.    Nancy Dawt Chin Sung (Logistic Incharge)
2.    Capt. Khin Mg Lay (Documentation)
3.    Lt. Pan Tui ( PSO)
4.    Lt. Sui Uk (Security)

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...