ယင်းကိစ္စနှင့်ပတ်သက်ပြီး လေမြိုမြစ် အောက်ပိုင်းနှင့် မြစ်ဖျားပိုင်းဒေသတွင်တည်ရှိသော ကျေးရွာပေါင်း (၃၃) ရွာမှ ဒေသခံပြည်သူ (၁၅၇) ဦးတို့သည် ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာတွင် မေလ ၁၂ မှ ၁၄ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကယ်၍ စီမံကိန်းအကောင်ထည်ဖော်လာပါက လေမြို့မြစ်ကို အဓိကမှီခိုအားထား နေကြသော ဒိုင်နှင့် လေးတူချင်းမျိူးနွယ်စုများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်လာနိုင် သည် ဟု ပလက်ဝမြို့နယ် ဖုန်လောင်ဒေသ သဘာဝထိန်းသိမ်းရေးအဖွဲ့မှ ဦးဘူးလွင်ထန်းကပြောပါတယ်။
“အပေါ်မှာလည်း ကျေးရွာပြောင်းရွှေ့ရမယ် အောက်ဘက်မှာလည်း ကျေးရွာတွေအကုန်ပြောင်းရွှေ့ရမယ် အဲဒါမှီခိုပြီး မှကျနော်တို့စားသောက်ကြတာလေ သစ်၊ ၀ါးတွေကို မှီခိုပြီးမှ ကျနော်တို့စားသောက်ကြတာလေ ကာလိုက်တာနဲ့သစ်ဝါးတွေလည်း ချလို့မရတော့ဘူး နေရာတွေလည်း ပြောင်းရွှေ့ရတော့မယ် ကိုင်တွေ၊ ကွန်းတွေ၊ မြေနုကျွန်းတွေ မှီခိုပြီး စားသောက်နေ တဲ့အခါကျတော့အဲဒီဟာတွေ လက်လွှတ်ဆုံးရှံုးရမှာဆိုတော့ ကျနော် တို့အခြေအနေက တအားဆိုးသွားမှာပေါ့’’ ဟု ၎င်းကပြောသည်။
လျှပ်စစ်မီး မီဂါ၀ပ် ၆၀၀ ကျော်ထုတ်လုပ်နိုင်မည်ဟု ယူဆရသော လေမြိုမြစ်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင် ခြေရှိမရှိကို လွန်ခဲ့သည့် နှစ်လခန့်ကစပြီး ပြင်သစ်ကုမ္ပဏီတစ်ခုက feasibility study ဟုခေါ်သော ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာဆန်းစစ်မှုပြုလုပ်နေ သည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်မ ကင်းဖြစ်နေကြခြင်းဖြစ် သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က စီမံကိန်းလုပ်လို့ရမရဖြစ်နိုင် ခြေရှိမရှိ လေ့လာဆန်းစစ်သည့် အခြေအနေသာဖြစ်ပြီး အစိုးရအနေဖြင့် အကောင်ထည်ဖော်မည်မဖော်မည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆိုသည်။
“ခုပြင်သစ်ကုမ္ပဏီတစ်ခုနဲ့လုပ်ခိုင်းတယ် လေ့လာမှု ပြီးသွားတဲ့အခါမှ သူတို့က ဟုတ်တယ်လုပ်လို့ရနိုင်ပါတယ် ဆို တဲ့အခါကျတော့မှ ကျနော်တို့က ဘာထပ်လုပ်ရမ လဲဆိုလို့ရှိရင် EIA/SIA တွေထပ်လုပ်ရမယ် အဲလိုလုပ်တဲ့ အခါမှာ လည်းဘဲ အဲဒီချိန်မှာ လူထုကိုအသိပေးတာတို့ ရှင်းပြတာတို့ လုပ်တော့မယ် တာကအနည်းဆုံးတစ်နှစ် လောက်လို့သေး တယ် အဲဒီချိန်ကျရင် ထိခိုက်မှုတွေထွက် လာလိုက်မယ် ပတ်ဝန်းကျင်ထိခိုက်မှုတွေ လူမှုဘဝ ထိခိုက်မှုတွေ အစီရင်ခံစာတွေထွက်လာဦးမယ် အဲဒီအစီစဉ်ခံစာ ထွက်ပြီးတဲ့အခါကျတော့မှ ဆုံးဖြတ်မှာ ဒါဆို လို့ရှိ ရင် ငါတို့လုပ်သင့်သလား မလုပ်သင့်ဘူးလား တကယ့်တကယ် အဆင့်က လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ဖို့ က နောက် ထပ် နှစ်ဆင့်တောင်မှကျန်သေးတယ် ကျနော်တို့အစိုးရကိုယ်တိုင်တောင်မှ လုပ်ရမလားမ လုပ်ရဘူး လား ဆိုတာ ခုထိမဆုံးဖြတ်နိုင်သေးဘူး’’ ဟု ၀န်ကြီးကပြောသည်။
လေမြိုမြစ်တစ်လျှောက်သည် ချင်းမျိူးနွယ်များဖြစ်သည့် ဒိုင်နှင့် လေးတူ မျိူးနွယ်စုများ အများစုနေထိုင်ကြ သည့်နေ ရာဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်တွင်နေထိုင်ကြသည့် လေးတူများအပါအဝင် လူဦးရေ ၂ သောင်းနီး ပါးခန့်ရှိကြသည်ဟု သိရသည်။ အကယ်၍ စီမံကိန်းအကောင်ထည်ဖော်ဆောင်ပါက ဒိုင်နှင့် လေးတူလူမျိူး များအား ပပျောက်စေနိုင်ပြီး အဆိုပါစီမံကိန်း အား ဒေသခံလူထုအင်အားဖြင့် ဆန့်ကျင်သွား မည်ဟု ဖုန်လောင်ဒေသ သဘာဝထိန်းသိမ်းရေးအဖွဲ့၏ မေလ ၁၅ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် တွင်ဖော်ပြထားသည်။
ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်ကတော့ “ဒိုင်(ချင်း)မျိုးနွယ်စုများ၊ လေးတူ (ချင်း)မျိုးနွယ် စုများ ပျောက်ကွယ် သွားမည်ဆိုတာ မည်သို့မျှ မဖြစ်နိုင်ပါ။ ပုံကြီးချဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုသို့ သော အခြေအနေမျိုး ဖြစ်လာနိုင်သည်ဆိုပါကလည်း မိမိတို့ ချင်း ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းအကောင် အထည်ဖော်ရန် လုံးဝ လက်ခံသဘောတူမည် မဟုတ်ပါ။ အမှန်စင်စစ် ဖြစ်နိုင်ခြေလေ့လာ မှု၊ လူမှု ပတ်ဝန်း ကျင်အပေါ် ထိခိုက်သက်ရောက်နိုင်မှု တို့ကို မပြုလုပ်ပြီးသေးဘဲ စီမံကိန်းကြောင့် ဒိုင်/ လေးတူမျိုးနွယ် စုများ ပျောက်ကွယ်သွားနိုင်တယ်ဆိုပြီး ပြောဆိုရေးသားခြင်းဟာလက်တွေ့ မကျတဲ့ တစ်ဖက်သတ်ပြော ဆိုမှုသာ ဖြစ်ပါတယ်’’ ဟု ပြောသည်။
မတူပီမြို့ ဘုံတလာရေတံခွန်ကနေ မြစ်ဖျားခံလာပြီး ရခိုင်ပြည်နယ်ကို စီးဝင်သွားသော လေမြိုမြစ်ပေါ်တွင် ရေအားလျှပ်စ စ်တည်ဆောက်မည့်စီမံကိန်းကို ၂၀၀၉ ခုနှစ်ကတည်းက တရုတ်အစိုးရနဲ့ဖက်စပ်လုပ်ကိုင်ရန် စတင်ခဲ့ကြပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည့် ရေအားလျှပ်စစ်စီမံ ကိန်းဖြစ်သည်။







