အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်း
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာ(အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှုပြသာနာကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရန် ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်ဟုသိရသည်။

အဆိုပါအမိန့်အရ ဇိုခေါထာမှတဆင့် နှစ်နိုင်ငံကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ကုန်တင်ကုန်ချ လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းမဆို မီဇိုရမ်အစိုးရဘက်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော နှစ်နိုင်ငံကုန်သည်ကြီး များကိုလည်း အသိပေးအကြောင်းကြားထားပြီး၊ ယခုအမိန့်သည် တစုံတရာအပြောင်းအလဲမရှိပါက ၁ လ ကြာ အသက်ဝင်မည်ဖြစ်သည်ဟု ကျန်ဖိုင်းခရိုင်တာဝန်ရှိသူများထံမှသိရသည်။

အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကုန်ချလုပ်ငန်း ကို ဦးဆောင် လုပ်ကိုင်ရန် ဇိုခေါထာကျေးရွာ(အိန္ဒိယဘက်ခြမ်း)မှ အဖွဲ့ ၂ ဖွဲ့အကြား အငြင်းပွားမှုပြသာ နာပေါ်ပေါက်လာသည့်အတွက် အလွယ်တကူ ပြသာနာဖြေရှင်းနိုင်မည့် အလားအလာမရှိ သည့်အပြင် အငြင်းပွားမှုပိုမိုကြီးထွားလမလာနိုင်စေရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မီဇိုရမ်အစိုးရဘက်မှ အမိန့်ထုတ်ပြန်ပြီး ကုန်သွယ်ရေးရပ်ဆိုင်းမှုကြောင့် ကုန်တင် ကုန်ကျလုပ်ငန်းများ လုပ်ကိုင်နေကြသော မြန်မာဘက်ခြမ်းမှအလုပ်သမားများလည်း အခက်ကြံုနေကြရ သည်ဟု ရိခေါဒါရ်မြိ့ တီအိုချောင်းဒေသခံတစ်ဦးကပြောသည်။

“ဒီမှာက ကူလီထမ်းတဲ့ အလုပ်သမားတွေများတယ်လေ၊ ဒီဘက်ကနေ ဟိုဘက်ကမ်းကို ကုန်ပစ္စည်း တွေထမ်းပို့ပြီး ၀မ်းစာရှာနေကြတာလေ၊ ဟိုဘက်ခြမ်းက ပိတ်လိုက်တော့ ကုန်ပစ္စည်း အဝင်အထွက်မရှိတော့ သူတို့တွေ အတွက် အလုပ်မရှိတော့ဘူးလေ’’ ဟု ဒေသခံကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာကျေးရွာတွင်ကုန်တင်ကုန်ချလုပ်ငန်း နှင့်ပတ်သတ်ပြီး ဒေသခံ အဖွဲ့အစည်း များအကြား အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိ ယခုကဲ့သို့ ပြည်နယ်အစိုးရမှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလေ့ရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...