မတ်လကုန်အထိ မပြောင်းရွှေ့နိုင်သည့် ရေဘေးသင့် ပြည်သူများ အိမ်နေရာသစ် အစိုးရ ပြန်သိမ်းမည်

မတ်လကုန်အထိ မပြောင်းရွှေ့နိုင်သည့် ရေဘေးသင့် ပြည်သူများ အိမ်နေရာသစ် အစိုးရ ပြန်သိမ်းမည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ် သဘာဝသင့် ပြည်သူ အိမ်ထောင်စု (၇၈)ခု အတွက် အိမ်နေရာ ချထား သည့်နေရာတွင် ၂၀၁၇ ခုနှစ် မတ်လကုန်အထိ အိမ်ဆောက်ပြီး မပြောင်းရွှေ့နိုင်သည့် ပြည်သူများ၏ အိမ်နေရာ ကိုအစိုးရက ပြန်သိမ်းမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ဟားခါးမြို့နယ် သဘာဝဘေးဒဏ်ခံခဲ့စဉ် အိမ်ဌားအဖြစ် နေထိုင်သော ပြည်သူများကို အစိုးရက အိမ်နေရာချပေးခြင်းဖြစ်သော်လည်း ယခုအထိ အိမ်ထောင်စု (၅၇)ခု ကွက်သစ်ချပေးသည့် နေရာတွင် ပြောင်း ရွှေ့ နထိုင်နိုင် သည့်အတွက် အစိုးရက သတိပေးလိုက်ခြင်းဖြစ်ပါသည်။

သဘာဝသင့် ပြည်သူများက အစိုးရက သတ်မှတ်ပေးသည့် အချိန်အတွင်း အိမ်ဆောက်ပြီး ပြောင်းရွှေ့ရန် သဘောတူထားကြောင်းလည်း သိရသည်။

“အခုချပေးတဲ့နေရာက ခဗျားတို့အတွက် ချထားပေးတဲ့နေရာဖြစ်တယ်၊ အဲဒီနေရာ ဆုံးရှုံးလို့ရှိရင် ခဗျားတို့အတွက် နောက်ထပ်နေရာသစ် ပြန်ချပေးမှာ မဟုတ်တဲ့ အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြောင်းရွှေ့ နေထိုင်နိုင်ဖို့ လုပ်ကြပါ” ဟု ဇန်နဝါရီလ (၁၉) ရက်သဘာဝ သင့်ပြည်သူ များ နှင့် အစည်းအဝေးမှာ ဆလိုင်း အိုက်ဇက်ခင်၊ ၀န်ကြီး၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနက ပြောကြားခဲ့ပါသည်။

လာ မည့် မတ်လကုန်အထိ အိမ်ခြေ (၅၇) ခု ကိုယ့်ဘာသာ အိမ်ဆောက်ပြီး ပြောင်းရွှေ့နေ ထိုင်နိုင်မလား ဆိုသည့် အချက်ကိုမူ သဘာဝသင့်ပြည်သူများ၏ ခက်ခက်ခဲခဲ လုပ်ဆောင်ရမည့် အရာဖြစ်ပင် ဖြစ်ပေလိမ့်မည်။

“ကျတော်မြင်တာကတော့ အိမ်ဆောက်ဖို့ဆိုတာ နေ့စားလုပ်နေတဲ့ လူတွေအတွက် လွယ်တဲ့အလုပ်မဟုတ် ဘူး၊ နေ့တိုင်းစားစရာတောင် ခက်ခက်ခဲခဲ လုပ်နေရ တဲ့အချိန်ဖြစ်နေတယ်၊ မတ်လကုန်မှာ အကုန်ပြောင်း နေထိုင်ဖို့ ဆိုတာ လက်တွေ့မကျပါဘူး၊ အိမ်ဆောက်မယ့် ကုန်ကျစရိတ်ကို အရစ်ကျဘဲဖြစ်ဖြစ် အစိုးရကနေ လုပ်ပေးသင့်တယ်” လို့ဒေသခံတစ်ဦးက ခိုနုမ်သုန်သတင်းဌာနထံ ရှင်းပြခဲ့ပါသည်။

အိမ်ထောင်စု (၇၈) ခု အတွက် အိမ်နေရာ ချပေးနိုင်ရန် အစိုးရထံ တင်ပြခဲ့သည့် အတွက် အစိုးရတာဝန်ရှိသူ များက စီစစ်ပြီး ကွက်သစ်နေရာတွင် နေရာချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ပြည်သူ (၄၀၀) ကျော်အတွက် အစိုးရက အိမ်ပေးပြီး တချို့ပြည်သူ များက (ဟားခါးသစ်ရပ်ကွက်) ခေါ် ကွက်သစ်နေရာတွင် မိမိဘာသာ အိမ်ဆောက်ပြီး နေထိုင်ကြခြင်းဖြစ်ရာ ယခုဆို အိမ် ထောင်ကျော် ရှိ လာပြီဖြစ်သည်။

သို့သော် ယခုအထိ အိမ်ထောင်စု တော်တော်များများ သောက်ရေ၊ လျှပ်စစ်မီးနှင့် နေ့စဉ် ၀မ်းစာအတွက် အလုပ်အကိုင်ရှားပါးမှုနှင့် ကြုံတွေ့နေဆဲဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...