ချင်းပြည်နယ်အတွင်း ဟိုတယ်ဆောက်မည့် လုပ်ငန်းရှင်များအား ပဏာမရွေးချယ်ပြီးစီး

ချင်းပြည်နယ်အတွင်း ဟိုတယ်ဆောက်မည့် လုပ်ငန်းရှင်များအား ပဏာမရွေးချယ်ပြီးစီး
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်အတွင်းရှိ မြို့ ၆ မြို့တွင် ဟိုတယ် ၁၁ လုံးတည်ဆောက်မည့် လုပ်ငန်းရှင် ၁၁ ဦးကို ပြည်နယ်အစိုးရအဖွဲ့က ပဏာမရွေးချယ်ပြီးဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်အစိုုးရအဖွဲ့ ၀န်ကြီးချုပ်၏ ဦးဆောင်လမ်းညွန်မှု၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ ၆ မြို့ဖြစ်သော ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ခိုုင်ကမ်း၊ ပလက်ဝနှင့် မတူပီတို့တွင် ဟိုုတယ် ၁၀ လုံုးတည်ဆာက်ရန် အတွက် ဟိုုတယ်လုုပ်ငန်းဆောင်ရွက်လိုုသူ တိုုင်းရင်းသားလုုပ်ငန်းရှင်များအား စိတ်ဝင်စားကြောင်းအဆိုုပြုလွှာ (Expression of Interest) တင်သွင်းရန်ဖိတ်ခေါ်ခဲ့ရာ လုုပ်ငန်းရှင်ပေါင်း ၂၂ ဦးမှ ဟိုုတယ် အလုံုးရေ ၃၅ လုံုး အဆိုုပြု တင်သွင်းခဲ့ကြောင်းရသည်။

ယင်းအဆိုုပြုလွှာများအား ချင်းပြည်နယ်အစိုုးရအဖွဲ့၏ အစည်းအဝေး (၂၇/၂၀၁၆)နှင့် (၂၉ /၂၀၁၆)တိုု့တွင် အသေးစိပ်စိစစ်သုံုးသပ်ပြီး ဟိုုတယ်အလုံုးရေ ၁၁ ခုုအတွက် လုုပ်ငန်းရှင် ၁၁ ဦးအား ဆောက်လုုပ်ခွင့်ပြုရန် ပဏာမစိစစ်ရွေးချယ်ခဲ့သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ တရားဝင် Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါ လုုပ်ငန်းရှင် ၁၁ ဦး တွင် ဒေသခံ လုုပ်ငန်းရှင် ရ ဦးနှင့် ပြည်မမှ ၄ ဦး ပါ၀င်သည်ဟုသိရသည်။ ပဏာမရွေးချယ်ခံရသော လုပ်ငန်းရှင်များမှာ ဟားခါးတွင် KL Aamazing၊ Chin Solomon၊ ချမ်းသာရွှေညီ၊ ဖလမ်းတွင် Adventure Myanmar၊ Falam Cheery၊ တီးတိန်တွင် ရွှေစင်နန်းတော်၊ ယူနစ်အာရှ၊ ခိုင်ကမ်းတွင် တောင်ဇလပ်၊ ဒေါက်တာကမ်ကျင်ဒါလ်း၊ ပလက်ဝတွင် Sweet ဟိုတယ်နှင့် ပတူပီတွင် ရွှေပြည်တံခွန်တို့ဖြစ်သည်ဟု သိရသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...