ရိခေါဒါရ်မြို့တွင် ကားကြီးဝင်း တည်ဆောက်မည်

ရိခေါဒါရ်မြို့တွင် ကားကြီးဝင်း တည်ဆောက်မည်
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင် ကားကြီးဝင်းတည်ဆောက်နိုင်ရေး အတွက် မြို့စီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါကားကြီးဝင်းကို တီတိန်းမြို့ဘက်မှ ရိခေါဒါရ်မြို့အဝင်တွင် ထားရှိမည်ဖြစ်ပြီး မြေနေရာအတွက် ဦးမွဲသဲ ( Mawitea Fanai)မှ မြေကွက် ခန့်မှန်း ၂၀၀×၁၀၀ ပေခန့်အား လှူဒါန်းသည်ဟု ရိခေါဒါရ် ပြန်ဆက်ရုံး အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသည်။

Rihkhawdar motor gate1 552x336

နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ကားကြီးဝင်း နေရာ အတွက် မြေနေရာခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်း များဆောက်ရွက်ခဲ့ကြ သည်ဟုသိရသည်။

ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ဖြစ်သော် လည်း ယနေ့ချိန်ထိ ကားကြီးဝင်းသီးသန့်မရှိသည့် အတွက် ခရီးသည်တင် နှင့် ကုန်တင်ကားများသည် မြို့တွင်း၌ဂိတ်ထိုးနေ ရသောကြောင့် မြို့တွင်းကားဝင်ထွက်ရှုပ်ထွေး မှုပြဿနာ ကြံုတွေ့ နေကြရသလို ကုန်တင်ကုန်ချလုပ်ငန်းပိုင်းတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေ ခဲ့ကြခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...