မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အခမ်းအနား မီဇိုရမ်တွင် ကျင်းပ

မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အခမ်းအနား မီဇိုရမ်တွင် ကျင်းပ
by -
ခိုနူမ်းထုန်
မီဇိုရမ်ပြည်နယ်ရောက် မြန်မာခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ စုပေါင်းပြုလုပ်သော Fasting Prayer for Myanmar ခေါ် မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် မြို့တော်အိုင်ဇောလ်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို Lai Christian Fellowship ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၁၀ နှစ်တာ လှုပ်ရှားမှု မှတ်တမ်းစာအုပ်ကိုပါ ဖြန့်ဝေခဲ့ ကြသည်။

“ဒီစာအုပ်ဟာ ၂၀၀၇ ခုနှစ်ကနေ ယနေ့အထိ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းတစ်ခု ဆိုပေ မဲ့မြန်မာနိုင်ငံအတွက် အရေးပါ၊ သမိုင်းဝင် စာအုပ်တစ်ခု ဖြစ်တယ်” ဟု ဖြန့်ဝေသူ Rev. Dr.Robert Vanlalruata က ပြောပါသည်။

၎င်းအပြင် ၁၀ နှစ်တာလုံးလုံး ပါဝင်ဦးဆောင်ခဲ့သော ပါစတာ၊ အမှုတော်ဆောင် ၆ ဦးကိုပါ ဂုတ်ပြုချီးမြှင့်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဘာသာရေး ဂိုဏ်းပေါင်းစုံမှ လူဦးရေ ရ၀ ကျော် တက်ရောက်ခဲ့သည်။

မြန်မာ့နိုင်ငံရေးအခြေအနေသည် လက်ရှိအခြေအနေတွင် အကောင်းဆုံးမဖြစ်သည့်တိုင် ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိနိုင်ခြင်းသည် ယုံကြည်သူသားသမီးများ၏ ဆုတောင်း သံကို ဘုရားရှင်နားညောင်းအဖြေပေးခြင်းဖြစ်ကြောင်း၊ အစာရှောင် ဆုတောင်းခြင်း ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု လက်ရှိ ဥက္ကဋ္ဌ အသင်းလူကြီး Dr.Kilkhara က ပြောဆိုသည်။

အဆိုပါ မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်းကို ၂၀၀၇ အောက်တိုဘာ ၂၂ ရက်နေ့တွင် Lai Christian Fellowship, Bethany Baptist Church, Shalom AG Church, El-Shaddai AG Church, Carson Baptist Church, Gospel Baptist Church, Immanuel LIKBK, Kawl Christian Fellowship, Zanniat Christian Fellowship, Revival Baptist Church, Bethel Baptist Church စသည့် အသင်တော် (၁၁) ခုဖြင့် ဖွဲ့စည်းခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...