စက်တင်ဘာလ ၂၂ ရက်နေ့ကကျင်းပသော အမျိူးသားလွှတ်တော်အစည်းအဝေး တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က ''ချင်းပြည်နယ် ပလက်ဝမြို့ နယ် ဆမီးမြို့နှင့် ကန်ပက်လက်မြို့နယ်ကြား ရှိ ဆမီး-ကန်ပက်လက် တိုက်ရိုက် ကားလမ်းဖောက်လုပ်ပေးရန် အစီ အစဉ်ရှိ/ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထက်ပါအတိုင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။
ချင်းပြည်နယ် ပလက်ဝ မြို့နယ် ဆမီးမြို့နှင့် ကန်ပက်လက် မြို့အကြား ဆမီး-ကန်ပက်လက် တိုက်ရိုက်ကား လမ်း ဖောက်လုပ်ပေး ရန်ကိစ္စနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
နှစ်အလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှုအပေါ်မူတည်၍ လျာထားတင်ပြပေး သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောဆိုသည်။







