ဆမီး-ကန်ပက်လက် တိုက်ရိုက် ကားလမ်းဖောက်လုပ်ရန် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိ

ဆမီး-ကန်ပက်လက် တိုက်ရိုက် ကားလမ်းဖောက်လုပ်ရန် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆမီးနှင့် ကန်ပက်လက်မြို့အကြား တိုက်ရိုက်ဆက်သွယ်သွားလာ နိုင်မည့် ကားလမ်းဖောက်လုပ်ရန် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်းခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ကကျင်းပသော အမျိူးသားလွှတ်တော်အစည်းအဝေး တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က ''ချင်းပြည်နယ် ပလက်ဝမြို့ နယ် ဆမီးမြို့နှင့် ကန်ပက်လက်မြို့နယ်ကြား ရှိ ဆမီး-ကန်ပက်လက် တိုက်ရိုက် ကားလမ်းဖောက်လုပ်ပေးရန် အစီ အစဉ်ရှိ/ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထက်ပါအတိုင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝ မြို့နယ် ဆမီးမြို့နှင့် ကန်ပက်လက် မြို့အကြား ဆမီး-ကန်ပက်လက် တိုက်ရိုက်ကား လမ်း ဖောက်လုပ်ပေး ရန်ကိစ္စနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

နှစ်အလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှုအပေါ်မူတည်၍ လျာထားတင်ပြပေး သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...