မီဇိုရမ်တွင် ချင်းလူမျိုး သားအမိ ဓားဖြင့် ထိုးသတ်ခံရ

မီဇိုရမ်တွင် ချင်းလူမျိုး သားအမိ ဓားဖြင့် ထိုးသတ်ခံရ
by -
ခိုနူမ်းထုန်
မီဇိုရမ်ပြည်နယ် Lunglei ခရိုင် South Khalek ကျေးရွာတွင် နေထိုင်သော ချင်းလူမျိုးသားအမိကို စက်တင်ဘာ ၁၁ ရက်ညက  ဓားဖြင့် ထိုးသတ်ခြင်းခံခဲ့ကြောင်း ဒေသံခံများထံမှ သိရသည်။

အိမ်ထောင်ဦးစီး ဖြစ်သူ Ceu a လွှဆွဲသွားနေသည့်အချိန်တွင် ယခုလို Isaac Lalrinmawia ဆိုသူက Cheuva တို့ နေအိမ်သို့ သွားရောက်ကာ  အသက် ၄၀ အရွယ် Pi Suilianmawii နှင့် အသက် ၅ နှစ်အရွယ် Lalmuanpuia တို့ သားအမိနှစ်ဦးကို ဓားဖြင့်  ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း  မီဇိုရမ် ဒေသထုတ် သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ အလောင်းနှစ်လောင်းကို တွေ့ရှိချိန် ကြမ်းပြင်မှာ အဝတ်မပါဘဲ သေဆုံးနေသည့် မိခင်ဖြစ်သူ Pi Suilianmawii ကို သွားတွေ့ပြီး၊ ထိုနည်းတူ အိမ်၏ ထောင့်တစ်နေရာတွင် လည်ပင်းမှာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၅ နှစ်အရွယ် Lalmuanpuia ကို ထပ်မံတွေ့ရှိခဲ့ကြသည်။   

ယင်းကိစ္စနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားသည့်ညမှာပင် Isaac Lalrinmawia က သူ့သူငယ်ချင်းများဆီမှာ သူကိုယ်တိုင် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် ရပ်ကွက်လူကြီးများက Isaac Lalrinmawia ကို ဖမ်းဆီးကာ Lunglei ရဲ လက်ထဲသို့ အပ်နှံခဲ့ကြကြောင်း သိရသည်။ သို့သော် ယခုလို သတ်ဖြတ်ခဲ့ရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။  

Ceu a တို့ မိသားစုမှာ မြန်မာနိုင်ငံစီးပွားရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို လာရောက်ပြီး ယခုလို လွှဆွဲလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်သည်။

ယခုလိုဘဲ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား များအပေါ်ယခုလို အဖြစ်ဆိုးမျိုး ခကြာခဏ တွေ့ကြုံခဲ့ရသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...