အိမ်ထောင်ဦးစီး ဖြစ်သူ Ceu a လွှဆွဲသွားနေသည့်အချိန်တွင် ယခုလို Isaac Lalrinmawia ဆိုသူက Cheuva တို့ နေအိမ်သို့ သွားရောက်ကာ အသက် ၄၀ အရွယ် Pi Suilianmawii နှင့် အသက် ၅ နှစ်အရွယ် Lalmuanpuia တို့ သားအမိနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ် ဒေသထုတ် သတင်းစာတွင် ဖော်ပြသည်။
အဆိုပါ အလောင်းနှစ်လောင်းကို တွေ့ရှိချိန် ကြမ်းပြင်မှာ အဝတ်မပါဘဲ သေဆုံးနေသည့် မိခင်ဖြစ်သူ Pi Suilianmawii ကို သွားတွေ့ပြီး၊ ထိုနည်းတူ အိမ်၏ ထောင့်တစ်နေရာတွင် လည်ပင်းမှာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၅ နှစ်အရွယ် Lalmuanpuia ကို ထပ်မံတွေ့ရှိခဲ့ကြသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားသည့်ညမှာပင် Isaac Lalrinmawia က သူ့သူငယ်ချင်းများဆီမှာ သူကိုယ်တိုင် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် ရပ်ကွက်လူကြီးများက Isaac Lalrinmawia ကို ဖမ်းဆီးကာ Lunglei ရဲ လက်ထဲသို့ အပ်နှံခဲ့ကြကြောင်း သိရသည်။ သို့သော် ယခုလို သတ်ဖြတ်ခဲ့ရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။
Ceu a တို့ မိသားစုမှာ မြန်မာနိုင်ငံစီးပွားရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို လာရောက်ပြီး ယခုလို လွှဆွဲလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်သည်။
ယခုလိုဘဲ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား များအပေါ်ယခုလို အဖြစ်ဆိုးမျိုး ခကြာခဏ တွေ့ကြုံခဲ့ရသည်။







