အများပြည်သူလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးလုပ်ရမယ်လို့ U Khua Uk Lian ပြော

အများပြည်သူလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးလုပ်ရမယ်လို့ U Khua Uk Lian ပြော
by -
ခိုနူမ်းထုန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း  အများပြည်သူ လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး လုပ်ရမည်ဟု ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေ အတွင်းရေးမှူး (၂) U Khua Uk Lian က ပြောဆိုခဲ့သည်။

 ၂၁ ရာစု ပင်လုံညီလာခံက နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုထွက်လာရန် ၎င်းသဘောတူညီချက်အပေါ်မှာ ဖွဲ့စည်းပုံအသစ် ရေးဆွဲမှသာ အများပြည်သူလိုလားသည့် အစိုးရ၊ အများပြည်သူလိုလားသည့် ပါလီမန် ဖြစ်လာနိုင်မှာ ဖြစ်သည်ဟု သူကဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လူစုတစ်စုအတွက် အဓိကဦးတည်ရည်ရွယ်ပြီးတော့ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ အလွှာပေါင်းစုံသော ပြည်သူလူထုကို ဦးတည်ပြီး ဗဟိုပြုပြုပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။”၎င်း ကဆိုသည်။

လက်ရှိလွှတ်တော်များသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသာ ရှိနေသေး၍ လွှတ်တော်အတွင်းမှ ပြင်ဆင်ရန် ဖြစ်နိုင်မည်မထင်ကြောင်း ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ၊ လူတစ်စု၊ လူတစ်ဖွဲ့အတွက် ရည်ရွယ်ပြီး ရေးဆွဲသော ဥပဒေဖြစ်သည့်အတွက် ယခုလက်ရှိဖွဲ့စည်းပုံဥပဒေမှာ ပြည်သူလူထုအတွက် မျော်လင့်စရာမရှိကြောင်း  ဆက်လက်ပြောဆိုပါသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်စကားလုံးသုံးရင်သုံး၊ အသစ်ရေးဆွဲမယ်ဆိုတဲ့စကားလုံး သုံးရင်သုံး ဘာဘဲသုံးသုံး အများပြည်သူလိုတားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ရမယ်။” ၎င်း ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ အထွေထွေအတွင်းရေးမှူး U Gin Kam Lian က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ ဖက်ဒရယ် ရှိလာနိုင်မှာဖြစ်ကြောင်း နှင့် ထိုသို့ ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်သဘော တူမှရမှာဖြစ်သည်ဟု ၎င်းကဆိုသည်။

“၂၀၀၈ Constitution အရဆိုရင် တပ်မတော်မှာဘဲ မူတည်နေတယ်၊ ပြင်ဆင်လို့ရသည့်တိုင် ရ၅ + ၁ ဆိုတော့ တပ်က သဘောမတူရင် လုံးဝ ပြင်လို့မရဘူး။ ဒါကြောင့် တပ်မတော်မှာ မူတည်နေတယ်၊ မပြင်ရင် ဖက်ဒရယ်မဖြစ်နိုင်ဘူး၊ အခု ညီလာခံမှာ တင်ပြတာတွေက ဖက်ဒရယ်ပုံစံတွေ ကြီးဘဲဖြစ်နေတယ် ပြင်ဖို့ဆိုတာလဲ တပ်မတော် သဘောတူမှရမယ်။”၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ALP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်စောမြရာဇာလင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံတစ်ခုအဖြစ် သတ်မှတ်လို့ မရနိုင်ကြောင်း နှင့် NCA လက်မှတ်အထိုးခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးမှုရလာဒ်များနဲ့အညီ ပြုပြင်ပြောင်းလဲသွားဖို့ဆိုတဲ့အချက်လည်း ပါဝင်ကြောင်း ပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...