အများပြည်သူလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးလုပ်ရမယ်လို့ U Khua Uk Lian ပြော

အများပြည်သူလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးလုပ်ရမယ်လို့ U Khua Uk Lian ပြော
by -
ခိုနူမ်းထုန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း  အများပြည်သူ လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး လုပ်ရမည်ဟု ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေ အတွင်းရေးမှူး (၂) U Khua Uk Lian က ပြောဆိုခဲ့သည်။

 ၂၁ ရာစု ပင်လုံညီလာခံက နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုထွက်လာရန် ၎င်းသဘောတူညီချက်အပေါ်မှာ ဖွဲ့စည်းပုံအသစ် ရေးဆွဲမှသာ အများပြည်သူလိုလားသည့် အစိုးရ၊ အများပြည်သူလိုလားသည့် ပါလီမန် ဖြစ်လာနိုင်မှာ ဖြစ်သည်ဟု သူကဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လူစုတစ်စုအတွက် အဓိကဦးတည်ရည်ရွယ်ပြီးတော့ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ အလွှာပေါင်းစုံသော ပြည်သူလူထုကို ဦးတည်ပြီး ဗဟိုပြုပြုပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။”၎င်း ကဆိုသည်။

လက်ရှိလွှတ်တော်များသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသာ ရှိနေသေး၍ လွှတ်တော်အတွင်းမှ ပြင်ဆင်ရန် ဖြစ်နိုင်မည်မထင်ကြောင်း ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ၊ လူတစ်စု၊ လူတစ်ဖွဲ့အတွက် ရည်ရွယ်ပြီး ရေးဆွဲသော ဥပဒေဖြစ်သည့်အတွက် ယခုလက်ရှိဖွဲ့စည်းပုံဥပဒေမှာ ပြည်သူလူထုအတွက် မျော်လင့်စရာမရှိကြောင်း  ဆက်လက်ပြောဆိုပါသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်စကားလုံးသုံးရင်သုံး၊ အသစ်ရေးဆွဲမယ်ဆိုတဲ့စကားလုံး သုံးရင်သုံး ဘာဘဲသုံးသုံး အများပြည်သူလိုတားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ရမယ်။” ၎င်း ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ အထွေထွေအတွင်းရေးမှူး U Gin Kam Lian က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ ဖက်ဒရယ် ရှိလာနိုင်မှာဖြစ်ကြောင်း နှင့် ထိုသို့ ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်သဘော တူမှရမှာဖြစ်သည်ဟု ၎င်းကဆိုသည်။

“၂၀၀၈ Constitution အရဆိုရင် တပ်မတော်မှာဘဲ မူတည်နေတယ်၊ ပြင်ဆင်လို့ရသည့်တိုင် ရ၅ + ၁ ဆိုတော့ တပ်က သဘောမတူရင် လုံးဝ ပြင်လို့မရဘူး။ ဒါကြောင့် တပ်မတော်မှာ မူတည်နေတယ်၊ မပြင်ရင် ဖက်ဒရယ်မဖြစ်နိုင်ဘူး၊ အခု ညီလာခံမှာ တင်ပြတာတွေက ဖက်ဒရယ်ပုံစံတွေ ကြီးဘဲဖြစ်နေတယ် ပြင်ဖို့ဆိုတာလဲ တပ်မတော် သဘောတူမှရမယ်။”၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ALP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်စောမြရာဇာလင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံတစ်ခုအဖြစ် သတ်မှတ်လို့ မရနိုင်ကြောင်း နှင့် NCA လက်မှတ်အထိုးခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးမှုရလာဒ်များနဲ့အညီ ပြုပြင်ပြောင်းလဲသွားဖို့ဆိုတဲ့အချက်လည်း ပါဝင်ကြောင်း ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...