ချင်းပြည်နယ် တောင်ပိုင်းတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်ခဲဖြစ်

ချင်းပြည်နယ် တောင်ပိုင်းတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်ခဲဖြစ်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များရှိ အစိုးရကျောင်များတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်အခဲဖြစ်နေကြသည်ဟုသိရသည်။

ချိူးဘာသာစကားကို အစိုးရကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် သင်ကြားနေကြသော မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်းနှင့် ဆောမြို့နယ်များတွင် ဒေသနှင့် မကိုက်ညီသော ကျောင်းဆရာ၊ဆရာမ ခန့်ထားခြင်းကြောင့် ယခုကဲ့သို့ သင်ကြားရေးတွင် အခက်ကြံုနေရခြင်းဖြစ်သည်ဟု မင်းတပ်မြို့မှ ဒေသခံ ကျောင်းဆရာ Pa Ng’ Thang Om Pang က ပြောသည်။

“အစိုးရက ၀န်ထမ်းခန့်တဲ့ချိန်မှာ ဒေသခံထဲက မခန့်ကြပဲ မြေပြန့်က လူတွေကို ခန့်ကြတယ်၊ ချိုးဘာသာ စကားကို သင်ပေးဖို့ဆိုတော့လည်း သူတို့က မသင်ပေးနိုင်ဘူး၊ ချိူးစကားလုံးဝ မတတ်တဲ့သူက လာသင် ပေးတော့ လုံးဝမဖြစ်နိူင်ဘူး” ဟု သူကပြောသည်။

ထို့အပြင် မိခင်ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရှိဘဲ ကျောင်းချိန်အပြီးတွင် နောက်ထပ် အချိန်ပိုအနေဖြင့်သာ သင်ကြားနေပြီး ကလေးများအတွက်လည်း အဆင်မပြေကြောင်း အဆိုပါ ကျောင်း ဆရာကဆက်ပြောသည်။

ချိုးဘာသာစကားသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် အဓိက အသုံးပြုသော ဘုံဘာသာ စကားဖြစ် ကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...