ချင်းပြည်နယ် တောင်ပိုင်းတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်ခဲဖြစ်

ချင်းပြည်နယ် တောင်ပိုင်းတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်ခဲဖြစ်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များရှိ အစိုးရကျောင်များတွင် မိခင်ဘာသာစကားသင်ကြားရေး အခက်အခဲဖြစ်နေကြသည်ဟုသိရသည်။

ချိူးဘာသာစကားကို အစိုးရကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် သင်ကြားနေကြသော မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်းနှင့် ဆောမြို့နယ်များတွင် ဒေသနှင့် မကိုက်ညီသော ကျောင်းဆရာ၊ဆရာမ ခန့်ထားခြင်းကြောင့် ယခုကဲ့သို့ သင်ကြားရေးတွင် အခက်ကြံုနေရခြင်းဖြစ်သည်ဟု မင်းတပ်မြို့မှ ဒေသခံ ကျောင်းဆရာ Pa Ng’ Thang Om Pang က ပြောသည်။

“အစိုးရက ၀န်ထမ်းခန့်တဲ့ချိန်မှာ ဒေသခံထဲက မခန့်ကြပဲ မြေပြန့်က လူတွေကို ခန့်ကြတယ်၊ ချိုးဘာသာ စကားကို သင်ပေးဖို့ဆိုတော့လည်း သူတို့က မသင်ပေးနိုင်ဘူး၊ ချိူးစကားလုံးဝ မတတ်တဲ့သူက လာသင် ပေးတော့ လုံးဝမဖြစ်နိူင်ဘူး” ဟု သူကပြောသည်။

ထို့အပြင် မိခင်ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရှိဘဲ ကျောင်းချိန်အပြီးတွင် နောက်ထပ် အချိန်ပိုအနေဖြင့်သာ သင်ကြားနေပြီး ကလေးများအတွက်လည်း အဆင်မပြေကြောင်း အဆိုပါ ကျောင်း ဆရာကဆက်ပြောသည်။

ချိုးဘာသာစကားသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် အဓိက အသုံးပြုသော ဘုံဘာသာ စကားဖြစ် ကြောင်းသိရသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...