မီဇိုရမ်တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူဖမ်းဆီးမိ

မီဇိုရမ်တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူဖမ်းဆီးမိ
by -
ခိုနူမ်းထုန်
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ Supply Reduction Service (SRS) နှင့် မီဇိုရမ် ရဲ များ က ဇွန်လ ၂၅ ရက်နေ့ည တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ဖမ်းဆီးမိခဲ့သည်။

သတင်းရရှိချက်အရ ဇွန်လ ၂၅ ရက်နေ့ ည ၈း၃၀ ခန့်တွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ Tuikual North ရပ်ကွက်တွင် အခုလို ဆပ်ပြာဘူးထဲတွင် သေချာစွာ ထားသော ဘိန်းဖြူ ၃၀ ဟောင်နှင့်အတူ တရားခံဟု ယူဆသူ ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ Lalrinchhani (27) ကိုလည်း ဖမ်းဆီးခဲ့သည်။

ဘိန်းဖြူပိုင်ရှင်ဟု ယူဆရသူ Lalrinchhani ကို ND&PS အမှုနှင့် တရားစွဲဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ ဘိန်းဖြူကာလတန်ကြေး မှာ တစ်ဟောင်လျှင် ရှုပီး ၃၅၀၀ ခန့်ရှိတယ်လို့သိရပြီး ယခုဖမ်းဆီး ထားသော ဘိန်းဖြူ၏ ကာလတန်းကြေးမှာ ရှုပီး သိန်း ၁၀၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

အလားတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသား တစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။

မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရပြီး မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများအနက် အများစုမှာ ဘိန်းဖြူသုံးစွဲမှုကြောင့် ဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...