သတင်းရရှိချက်အရ ဇွန်လ ၂၅ ရက်နေ့ ည ၈း၃၀ ခန့်တွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ Tuikual North ရပ်ကွက်တွင် အခုလို ဆပ်ပြာဘူးထဲတွင် သေချာစွာ ထားသော ဘိန်းဖြူ ၃၀ ဟောင်နှင့်အတူ တရားခံဟု ယူဆသူ ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ Lalrinchhani (27) ကိုလည်း ဖမ်းဆီးခဲ့သည်။
ဘိန်းဖြူပိုင်ရှင်ဟု ယူဆရသူ Lalrinchhani ကို ND&PS အမှုနှင့် တရားစွဲဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ ဘိန်းဖြူကာလတန်ကြေး မှာ တစ်ဟောင်လျှင် ရှုပီး ၃၅၀၀ ခန့်ရှိတယ်လို့သိရပြီး ယခုဖမ်းဆီး ထားသော ဘိန်းဖြူ၏ ကာလတန်းကြေးမှာ ရှုပီး သိန်း ၁၀၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
အလားတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသား တစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။
မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရပြီး မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများအနက် အများစုမှာ ဘိန်းဖြူသုံးစွဲမှုကြောင့် ဖြစ်သည်။







