မီဇိုရမ်တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူဖမ်းဆီးမိ

မီဇိုရမ်တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူဖမ်းဆီးမိ
by -
ခိုနူမ်းထုန်
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ Supply Reduction Service (SRS) နှင့် မီဇိုရမ် ရဲ များ က ဇွန်လ ၂၅ ရက်နေ့ည တွင် ချင်းအမျိုးသမီးတစ်ဦးထံ ရှုပီး ၁၀ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဟောင် ဖမ်းဆီးမိခဲ့သည်။

သတင်းရရှိချက်အရ ဇွန်လ ၂၅ ရက်နေ့ ည ၈း၃၀ ခန့်တွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ Tuikual North ရပ်ကွက်တွင် အခုလို ဆပ်ပြာဘူးထဲတွင် သေချာစွာ ထားသော ဘိန်းဖြူ ၃၀ ဟောင်နှင့်အတူ တရားခံဟု ယူဆသူ ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ Lalrinchhani (27) ကိုလည်း ဖမ်းဆီးခဲ့သည်။

ဘိန်းဖြူပိုင်ရှင်ဟု ယူဆရသူ Lalrinchhani ကို ND&PS အမှုနှင့် တရားစွဲဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ ဘိန်းဖြူကာလတန်ကြေး မှာ တစ်ဟောင်လျှင် ရှုပီး ၃၅၀၀ ခန့်ရှိတယ်လို့သိရပြီး ယခုဖမ်းဆီး ထားသော ဘိန်းဖြူ၏ ကာလတန်းကြေးမှာ ရှုပီး သိန်း ၁၀၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

အလားတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသား တစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။

မီဇိုရမ်ပြည်နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရပြီး မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများအနက် အများစုမှာ ဘိန်းဖြူသုံးစွဲမှုကြောင့် ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...