ချင်းပြည်နယ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိ သည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအထဲတွင် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာ သာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ ၂ ဘာသာဂုဏထူးရှင် ၃၇ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂၁၀ ဦး ရှိသည်။
ယမန်နှစ် ၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစားမေးပွဲတွင် ချင်းပြည်နယ်၌ ဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိသည့် အနက် စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၁၇.၈၄ အထိမြင့်တက်ခဲ့ သော်လည်း ယခုနှစ် တွင် ပြန် လည် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
တီးတိန်မြို့နယ်သည် ၂၂.၆၆ ရာခိုင်နှုန်းဖြင့် ချင်းပြည်နယ်၏ အောင်ချက်အမြင့်ဆုံးမြို့နယ်ဖြစ်ပြီး ဖလမ်းမြို့နယ်သည် ၁၈.၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယဖြစ်သည်။ ထန်တလန်မြို့နယ်သည် ၅.၆၀ ရာခိုင်နှုန်းဖြင့် အောင်ချက် အနိမ့်ဆုံးမြို့နယ် ဖြစ်သည်ဟု သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၁၄.၃၆ သာရှိသော ချင်းပြည်နယ်သည် မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံး ပြည်နယ်အဖြစ် ဆက်လက်ရပ်တည်နေပြီး အောင်ချက်ရာခိုင်နှုန်း ၃၉.၃၇ရှိသော မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး ၏ အောင်ချက် အများဆုံးဖြစ်သည်။







