ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ယမန်နှစ်ထက် ကျဆင်း

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ယမန်နှစ်ထက် ကျဆင်း
by -
ခိုနူမ်းထုန်
၂၀၁၅ – ၁၆ ညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ် တိုင်းဒေသကြီးများ စာစစ် ဌာနများ တွင် ယနေ့ ဇွန်လ(၁၁)ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်ရာ ချင်းပြည်နယ်၏အောင်ချက်ရာခိုင်နှုန်းသည် ၁၄.၃၆ ရာ ခိုင်နှုန်း သာ ရှိသည်။ ယင်းအောင်ချက်ပမာဏသည် ယခင်နှစ် အောင်ချက်ထက် ၃ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ သည်။

school9ချင်းပြည်နယ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၉၈၄၆) ဦးရေရှိ သည့်အနက် (၁၄၁၄) ဦးသာ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအထဲတွင် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာ သာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ ၂ ဘာသာဂုဏထူးရှင် ၃၇ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၂၁၀ ဦး ရှိသည်။

ယမန်နှစ် ၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစားမေးပွဲတွင် ချင်းပြည်နယ်၌ ဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိသည့် အနက် စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၁၇.၈၄ အထိမြင့်တက်ခဲ့ သော်လည်း ယခုနှစ် တွင် ပြန် လည် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့နယ်သည် ၂၂.၆၆ ရာခိုင်နှုန်းဖြင့် ချင်းပြည်နယ်၏ အောင်ချက်အမြင့်ဆုံးမြို့နယ်ဖြစ်ပြီး ဖလမ်းမြို့နယ်သည် ၁၈.၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယဖြစ်သည်။ ထန်တလန်မြို့နယ်သည် ၅.၆၀ ရာခိုင်နှုန်းဖြင့် အောင်ချက် အနိမ့်ဆုံးမြို့နယ် ဖြစ်သည်ဟု သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၁၄.၃၆ သာရှိသော ချင်းပြည်နယ်သည် မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံး ပြည်နယ်အဖြစ် ဆက်လက်ရပ်တည်နေပြီး အောင်ချက်ရာခိုင်နှုန်း ၃၉.၃၇ရှိသော မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး ၏ အောင်ချက် အများဆုံးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...