ရုပ်ကြွင်းရှာဖွေရေးအဖွဲ့သည် တီးတိန်မြို့မှ ၁၅ မိုင်ကျော်ခန့်ဝေးသော အိုင်ဖားကျေးရွာအနီးတွင် အဆင့်မြင့်ရှာဖွေရေး ကိရိယာများဖြင့် မေလ ၁ ရက်နေ့ကစပြီး တစ်ပတ်ခန့်ရှာဖွေခဲ့ကြသည်ဟုသိရသည်။
“ သူတို့ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်လေယဉ်တွေပျက်ကျတယ်ပြောတယ် အဲဒီအပိုင်းအစတွေလာရှာတာ၊ ကျန်တဲ့ရုပ်ကြွင်းအရိုးစုတွေလည်းပါမှာပေါ့’’ ဟု တီးတိန်မြို့အုပ်ချူပ်ရေးမှူးဦး ဂိုဆွမ်းခိုင်ကပြောသည်။
ဒုတိယကမ္ဘာစစ်တုန်းက ချင်းတောင်တန်းသည် စစ်လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပြီး စစ်အတွင်းပျက်စီးသွားသော တင့်ကား၊ ဂျစ်ကား၊ သေနတ် နှင့် စစ်အသုံးဆောင်ပစ္စည်များကို ရှေးယခင်က ရှိခဲ့ဘူးသည်ဟု ဒေသခံများကပြောသည်။
ဂျပန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစုရှာဖွေရေး အဖွဲ့များကလည်း ယခင်က လာရောက်ရှာဖွေလေ့ရှိပြီး အမေရိကန်နိုင်ငံမှ ပထမ ဆုံးလာရောက်ရှာဖွေခြင်းဖြစ်သည်။







