ဒုတိယကမ္ဘာစစ်အတွင်း ကြွင်းကျန်အပိုင်းအစ နှင့် အရိုးစုများ အမေရိကန်နိုင်ငံမှ ချင်းတောင်သို့ လာရောက်ရှာဖွေ

ဒုတိယကမ္ဘာစစ်အတွင်း ကြွင်းကျန်အပိုင်းအစ နှင့် အရိုးစုများ အမေရိကန်နိုင်ငံမှ ချင်းတောင်သို့ လာရောက်ရှာဖွေ
by -
ခိုနူမ်းထုန်
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များ၏ ကြွင်းကျန်ခဲ့သော ပစ္စည်းအပိုင်းအစ နှင့် အရိုးစုများကို အမေရိကန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစုရှာဖွေရေးအဖွဲ့က ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မေလဆန်းပိုင်းက လာရောက်ရှာဖွေခဲ့ကြသည်။

ရုပ်ကြွင်းရှာဖွေရေးအဖွဲ့သည် တီးတိန်မြို့မှ ၁၅ မိုင်ကျော်ခန့်ဝေးသော အိုင်ဖားကျေးရွာအနီးတွင် အဆင့်မြင့်ရှာဖွေရေး ကိရိယာများဖြင့် မေလ ၁ ရက်နေ့ကစပြီး တစ်ပတ်ခန့်ရှာဖွေခဲ့ကြသည်ဟုသိရသည်။

“ သူတို့ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်လေယဉ်တွေပျက်ကျတယ်ပြောတယ် အဲဒီအပိုင်းအစတွေလာရှာတာ၊ ကျန်တဲ့ရုပ်ကြွင်းအရိုးစုတွေလည်းပါမှာပေါ့’’ ဟု တီးတိန်မြို့အုပ်ချူပ်ရေးမှူးဦး ဂိုဆွမ်းခိုင်ကပြောသည်။

ဒုတိယကမ္ဘာစစ်တုန်းက ချင်းတောင်တန်းသည် စစ်လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပြီး စစ်အတွင်းပျက်စီးသွားသော တင့်ကား၊ ဂျစ်ကား၊ သေနတ် နှင့် စစ်အသုံးဆောင်ပစ္စည်များကို ရှေးယခင်က ရှိခဲ့ဘူးသည်ဟု ဒေသခံများကပြောသည်။

ဂျပန်နိုင်ငံမှ ရုပ်ကြွင်းအရိုးစုရှာဖွေရေး အဖွဲ့များကလည်း ယခင်က လာရောက်ရှာဖွေလေ့ရှိပြီး အမေရိကန်နိုင်ငံမှ ပထမ ဆုံးလာရောက်ရှာဖွေခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...