ဦးထင်ကျော် နိုင်ငံတော်သမ္မတဖြစ်ပြီ၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် ရွေးချယ်

ဦးထင်ကျော် နိုင်ငံတော်သမ္မတဖြစ်ပြီ၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် ရွေးချယ်
by -
ခိုနူမ်းထုန်
ယနေ့မတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်လိုက်ကြပြီး၊ တပ်မတော်မှတင်သွင်းသော ဦးမြင့်ဆွေကို ဒုသမ္မတ(၁)အဖြစ်လည်းကောင်း၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် အသီးသီးရွေးချယ်လိုက်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၆၂ ဦးတက်ရောက်သော ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သမ္မတ လောင်းအတွက် ဆန္ဒမဲပေးခဲ့ကြရာတွင် ဦးထင်ကျော်က ဆန္ဒမဲ(၃၆၀)၊ ဦးမြင့်ဆွေက (၂၁၃) နှင့် ဦးဟင်နရီဗန်ထီးယူက (၇၉) မဲအသီးသီးရရှိခဲ့ကြသည်။

ဆန္ဒမဲအများဆုံးရသူ ဦးထင်ကျော်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတဖြစ်လာပြီး၊ ဒုတိယမဲ အများဆုံး ရရှိသူ ဦးမြင့်ဆွေသည် ဒုသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူသည် ဒုသမ္မတ(၂) ဖြစ်လာသည်။

ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ(၂) အဖြစ် တာဝန်ထမ်းဆောင်ရန် ချင်းလူမျိူး ထဲမှ ပထမဦးဆုံးရွေးချယ်ခံရသူဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...