ဦးထင်ကျော် နိုင်ငံတော်သမ္မတဖြစ်ပြီ၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် ရွေးချယ်

ဦးထင်ကျော် နိုင်ငံတော်သမ္မတဖြစ်ပြီ၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် ရွေးချယ်
by -
ခိုနူမ်းထုန်
ယနေ့မတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်လိုက်ကြပြီး၊ တပ်မတော်မှတင်သွင်းသော ဦးမြင့်ဆွေကို ဒုသမ္မတ(၁)အဖြစ်လည်းကောင်း၊ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ(၂)အဖြစ် အသီးသီးရွေးချယ်လိုက်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၆၂ ဦးတက်ရောက်သော ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သမ္မတ လောင်းအတွက် ဆန္ဒမဲပေးခဲ့ကြရာတွင် ဦးထင်ကျော်က ဆန္ဒမဲ(၃၆၀)၊ ဦးမြင့်ဆွေက (၂၁၃) နှင့် ဦးဟင်နရီဗန်ထီးယူက (၇၉) မဲအသီးသီးရရှိခဲ့ကြသည်။

ဆန္ဒမဲအများဆုံးရသူ ဦးထင်ကျော်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတဖြစ်လာပြီး၊ ဒုတိယမဲ အများဆုံး ရရှိသူ ဦးမြင့်ဆွေသည် ဒုသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူသည် ဒုသမ္မတ(၂) ဖြစ်လာသည်။

ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ(၂) အဖြစ် တာဝန်ထမ်းဆောင်ရန် ချင်းလူမျိူး ထဲမှ ပထမဦးဆုံးရွေးချယ်ခံရသူဖြစ်သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...