မီဇိုရမ်အတွင်း ဘိန်းဖြူအဓိက ဖြန့်ဝေနေသူဟု ဆိုသော ချင်းအမျိုးသားတစ်ဦးဖမ်းမိ

မီဇိုရမ်အတွင်း ဘိန်းဖြူအဓိက ဖြန့်ဝေနေသူဟု ဆိုသော ချင်းအမျိုးသားတစ်ဦးဖမ်းမိ
by -
ခိုနူမ်းထုန်
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။

မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်တွင် ဘိန်းဖြူရောင်းချနေသူများထဲမှ အဓိကပုဂ္ဂိုလ်ဟုဆိုသော ကလေးမြို့နယ် ပျဉ်း တော်ဦးကျေးရွာ Lallianmawia (29) ကို အိုင်ဇောလ်မြို့ Sikulpuikawn ရပ်ကွက်တွင် ဘိန်းဖြူ ပင်နီစီလင်ဘူး(၁၀ ဘူး) နှင့် အတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Supply Reduction Service (SRS) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ Lallianmawia ၏ ထွက်ဆိုချက်အရ သူငှါးရမ်းနေထိုင်သော နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ ဘိန်းဖြူ ဆပ်ပြာခွက် (၄ ခွက်) နှင့် ပင်နီစီလင်ဘူး ၃၈ ဘူး စုစုပေါင်း စုစုပေါင်း ၆၅ ဂရမ်ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ သူဟာ အိုင်ဇောလ်မြို့ရပ်ကွက်အသီးသီးမှာ ဘိန်းဖြူအဓိကရောင်းချနေသူဖြစ်တယ်၊ အင်မတန် ပါးနပ်တဲ့အတွက် ဖမ်းဆီးဖို့ အချိန်အတော်ကြာကြိုးစားခဲ့ရတယ်’’ ဟု SRS အဖွဲ့ခေါင်းဆောင် လက်ရှိ Young Mizo Association (YMA) အထွေထွေအတွင်းရေးမှူး Lalhmachhuana က ပြောသည်။

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ယခင်က ထက် ပိုမိုများပြားလာကြောင်း အထူးသဖြင့် ဘိန်းဖြူမှာ ဖမ်းဆီးလို့မနိုင်အောင် ပိုများလာသည်ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီခန့်ကလည်း Champhai မြို့အစပ်တောတွင်းတစ်နေရာတွင် Pseudoe phedrine (ဆေးပြား) အလုံး ၁၀၈၈၃၄၀၊ ကာလတန်စျေးအားဖြင့် ရူပီးငွေ ၅၄၄၁၇၀၀ တန်ဖိုးကို ဒေသတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...