မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်တွင် ဘိန်းဖြူရောင်းချနေသူများထဲမှ အဓိကပုဂ္ဂိုလ်ဟုဆိုသော ကလေးမြို့နယ် ပျဉ်း တော်ဦးကျေးရွာ Lallianmawia (29) ကို အိုင်ဇောလ်မြို့ Sikulpuikawn ရပ်ကွက်တွင် ဘိန်းဖြူ ပင်နီစီလင်ဘူး(၁၀ ဘူး) နှင့် အတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Supply Reduction Service (SRS) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Lallianmawia ၏ ထွက်ဆိုချက်အရ သူငှါးရမ်းနေထိုင်သော နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ ဘိန်းဖြူ ဆပ်ပြာခွက် (၄ ခွက်) နှင့် ပင်နီစီလင်ဘူး ၃၈ ဘူး စုစုပေါင်း စုစုပေါင်း ၆၅ ဂရမ်ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။
“ သူဟာ အိုင်ဇောလ်မြို့ရပ်ကွက်အသီးသီးမှာ ဘိန်းဖြူအဓိကရောင်းချနေသူဖြစ်တယ်၊ အင်မတန် ပါးနပ်တဲ့အတွက် ဖမ်းဆီးဖို့ အချိန်အတော်ကြာကြိုးစားခဲ့ရတယ်’’ ဟု SRS အဖွဲ့ခေါင်းဆောင် လက်ရှိ Young Mizo Association (YMA) အထွေထွေအတွင်းရေးမှူး Lalhmachhuana က ပြောသည်။
ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ယခင်က ထက် ပိုမိုများပြားလာကြောင်း အထူးသဖြင့် ဘိန်းဖြူမှာ ဖမ်းဆီးလို့မနိုင်အောင် ပိုများလာသည်ဟု သူကဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီခန့်ကလည်း Champhai မြို့အစပ်တောတွင်းတစ်နေရာတွင် Pseudoe phedrine (ဆေးပြား) အလုံး ၁၀၈၈၃၄၀၊ ကာလတန်စျေးအားဖြင့် ရူပီးငွေ ၅၄၄၁၇၀၀ တန်ဖိုးကို ဒေသတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။







