မီဇိုရမ်အတွင်း ဘိန်းဖြူအဓိက ဖြန့်ဝေနေသူဟု ဆိုသော ချင်းအမျိုးသားတစ်ဦးဖမ်းမိ

မီဇိုရမ်အတွင်း ဘိန်းဖြူအဓိက ဖြန့်ဝေနေသူဟု ဆိုသော ချင်းအမျိုးသားတစ်ဦးဖမ်းမိ
by -
ခိုနူမ်းထုန်
မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အချိန်အတော်ကြာ စုံစမ်းရှာဖွေခဲ့သော ဘိန်းဖြူအဓိက ရောင်းချဖြန့်ဝေသူ ချင်းအမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိပြီဟုသိရသည်။

မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်တွင် ဘိန်းဖြူရောင်းချနေသူများထဲမှ အဓိကပုဂ္ဂိုလ်ဟုဆိုသော ကလေးမြို့နယ် ပျဉ်း တော်ဦးကျေးရွာ Lallianmawia (29) ကို အိုင်ဇောလ်မြို့ Sikulpuikawn ရပ်ကွက်တွင် ဘိန်းဖြူ ပင်နီစီလင်ဘူး(၁၀ ဘူး) နှင့် အတူ မီဇိုရမ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး Supply Reduction Service (SRS) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ Lallianmawia ၏ ထွက်ဆိုချက်အရ သူငှါးရမ်းနေထိုင်သော နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ ဘိန်းဖြူ ဆပ်ပြာခွက် (၄ ခွက်) နှင့် ပင်နီစီလင်ဘူး ၃၈ ဘူး စုစုပေါင်း စုစုပေါင်း ၆၅ ဂရမ်ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ သူဟာ အိုင်ဇောလ်မြို့ရပ်ကွက်အသီးသီးမှာ ဘိန်းဖြူအဓိကရောင်းချနေသူဖြစ်တယ်၊ အင်မတန် ပါးနပ်တဲ့အတွက် ဖမ်းဆီးဖို့ အချိန်အတော်ကြာကြိုးစားခဲ့ရတယ်’’ ဟု SRS အဖွဲ့ခေါင်းဆောင် လက်ရှိ Young Mizo Association (YMA) အထွေထွေအတွင်းရေးမှူး Lalhmachhuana က ပြောသည်။

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ယခင်က ထက် ပိုမိုများပြားလာကြောင်း အထူးသဖြင့် ဘိန်းဖြူမှာ ဖမ်းဆီးလို့မနိုင်အောင် ပိုများလာသည်ဟု သူကဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီခန့်ကလည်း Champhai မြို့အစပ်တောတွင်းတစ်နေရာတွင် Pseudoe phedrine (ဆေးပြား) အလုံး ၁၀၈၈၃၄၀၊ ကာလတန်စျေးအားဖြင့် ရူပီးငွေ ၅၄၄၁၇၀၀ တန်ဖိုးကို ဒေသတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...