ယခု ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ချင်းလက်နက်ကိုင် ချင်းအမျိုးသား တပ်ဦး နှင့် ချင်းနိုင်ငံရေးပါတီများ၊ လွွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါ၀င်သင့် ပါ၀င်ထိုက်သူများမှ ကိုယ်စားလှယ်များ၊ အထောက်အကူပြုများ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ကြသည်။
ချင်းတိုင်းရင်းသားများအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယခု ညီလာခံအပြီး ပြုလုပ်မည့် UPDJC အစည်းအဝေးအပြီး တဆက်တည်း ပွဲဖြစ်မြောက်ရေးအတွက် ပြင်ဆင်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်မီ ကျင်းပပြုလုပ်ရန် ညှိနှို်င်းမှု ရယူခဲ့ကြသည်။
“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို CNF အပါအဝင် ချင်းနိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေ ပါ၀င်တဲ့ ကျင်းပရေးကော်မီတီဖွဲ့စည်းပြီး ၄င်းတို့မှ တာဝန်ယူအကောင် အထည်ဖော်ဖို့ ပြင်ဆင်ညှိနှိုင်းထားပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)၊ သဘောတူညီချက် အခန်း (၃) အပိုဒ် ငယ် (၃) (ခ) အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။
ယခု ညီလာခံအပြီး UPDJC အစည်းအဝေးကို ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မေတွင်လည်းကောင်း ကျင်းပဖွယ်ရှိသည်ဟု သိရသည်။







