အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရေး ချင်းခေါင်းဆောင်များ ညှိနှိုင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရေး ချင်းခေါင်းဆောင်များ ညှိနှိုင်း
by -
ခိုနူမ်းထုန်
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နေသည့် ချင်းခေါင်းဆောင်များက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်နေ့ညနေ ညီလာခံအပြီး နေပြည်တော်ရှိ MCC 2 တွင် ဆက်လက် ညှိနှိုင်းခဲ့ကြသည်။

ယခု ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ချင်းလက်နက်ကိုင် ချင်းအမျိုးသား တပ်ဦး နှင့် ချင်းနိုင်ငံရေးပါတီများ၊ လွွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါ၀င်သင့် ပါ၀င်ထိုက်သူများမှ ကိုယ်စားလှယ်များ၊ အထောက်အကူပြုများ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ကြသည်။

ချင်းတိုင်းရင်းသားများအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယခု ညီလာခံအပြီး ပြုလုပ်မည့် UPDJC အစည်းအဝေးအပြီး တဆက်တည်း ပွဲဖြစ်မြောက်ရေးအတွက် ပြင်ဆင်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်မီ ကျင်းပပြုလုပ်ရန် ညှိနှို်င်းမှု ရယူခဲ့ကြသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို CNF အပါအဝင် ချင်းနိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေ ပါ၀င်တဲ့ ကျင်းပရေးကော်မီတီဖွဲ့စည်းပြီး ၄င်းတို့မှ တာဝန်ယူအကောင် အထည်ဖော်ဖို့ ပြင်ဆင်ညှိနှိုင်းထားပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)၊ သဘောတူညီချက် အခန်း (၃) အပိုဒ် ငယ် (၃) (ခ) အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

ယခု ညီလာခံအပြီး UPDJC အစည်းအဝေးကို ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မေတွင်လည်းကောင်း ကျင်းပဖွယ်ရှိသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...