CNF အား မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်းမှ ပယ်ဖျက်

CNF အား မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်းမှ ပယ်ဖျက်
by -
ခိုနူမ်းထုန်
အောက်တိုဘာ ၁၅ရက်နေ့တွင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲဲ့အစည်း ရ ဖွဲ့နှင့် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမည့် ချင်းအမျိုးသား လက်နက်ကိုင်အဖွဲ့ CNF အား အစိုးရက သတင်းထုတ်ပြန်ချက် အမှတ်(၉/၂၀၁၅)ဖြင့် မတရား အသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်းတွင် အကျုံးဝင်မှုမရှိတော့ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရမှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့အား ဖိတ်ခေါ်ခဲ့ရာမှ စာချုပ်လက်မှတ် ရေးထိုးမည့် CNF အပါအဝင် တခြား တိုင်းရင်း သားလက်နက်ကိုင် KNU, KNU- PC, DKBA, RCSS, ALP, PNLO, ABSDF ၈ဖွဲ့တို့အား မတရား အသင်းမှ၄င်း၊ အကြမ်းဖက် အဖွဲ့မှ ၎င်းပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်းသည် အဆင့် ရ ဆင့်ရှိသော NCA ပါ နိုင်ငံရေး လမ်းပြမြေပုံ၏ ပထမအဆင့်သာဖြစ်ပြီး ၄င်းမှ တဆင့် အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်လှမ်းပြီး CNF ၏ ရည်မှန်းချက်ဖြစ်သော ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူများနှင့် အတူတကွ လက်တွဲ ဆောင် ရွက်သွား မည် ဖြစ်ကြောင်း CNF က အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှ ကြိုးပမ်းမှုများရှိခဲ့သော် လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့ကြောင့် CNF အနေဖြင့် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

CNF သည် အောက်တိုဘာလ ၁၀ ရက်နေ့က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၊ Summit Park View ဟိုတယ်တွင် ချင်းလူထုအား ရှင်းလင်းသည့် အခမ်းအနားတခု ပြုလုပ်ခဲ့သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...