၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့နေ့ ဟားခါးမြို့တွင် ကျင်းပ

၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့နေ့ ဟားခါးမြို့တွင် ကျင်းပ
by -
ခိုနူမ်းထုန်
အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်သော မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့၏ ၅၁ နှစ်မြောက် အခမ်းအနားကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲဇာနည် ခန်းမတွင် ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ် အတွင်းရေးမှူး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ရဲအရာရှိ၊ အရာခံ၊ အကြပ်တပ်သား၊ ရဲမိသားစုဝင်များ၊ မြို့မိမြို့ဖနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ သတင်းမီဒီယာများ စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

khonumthung021

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့သည် ခေတ် ကာလနှင့် လိုက်လျောညီထွေစွာ လူ့အခွင့်အရေးကို လေးစားလိုက်နာကာ နိုင်ငံတကာ စံချိန်စံညွန်း နှင့်အညီ ကျင့်ကြံရမှာဖြစ်ကြောင်း လာမည့်အထွေထွေရွေးကောက်ပွဲမှာ ပြည်သူများ ဘေးကင်း လုံခြုံစွာ မဲပေးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်အတိုင်း လိုက်နာစောင့်ထိန်းအပ်ကြောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်ကလည်း ရဲချုပ်ကြီး ဦးဇော်ဝင်းပေးပို့သော ၅၁ နှစ်မြောက် မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ရာမှာ ပြောင်းလဲလာသော နိုင်ငံရေးခေတ် ရေစီးကြောင်းနှင့် အညီ ရဲတပ်ဖွဲ့ အမည်နာမ ပြောင်းလဲလာပုံနှင့် ဒီမိုကရေစီလမ်းကြောင်းနှင့် အညီ ရဲတပ်ဖွဲ့ အသွင် သဏ္ဍာန်ကို ပြုပြင်တိုးချဲ့ပုံ၊ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း အီးယူ၊ ယူအဲန်ဒီပီ ၊ အင်တပို နှင့် ပူးပေါင်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ဖတ်ကြားသွားခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့အလိုက် ဆုပေးပွဲကို တဆက်တည်းပြုလုပ်ခဲ့ရာ ပြစ်မှုအနည်းဆုံး ဆုနှင့် ရဲတပ်သားသစ် စုဆောင်းမှုအများဆုံဆု ကို ဖလမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ၎င်း၊ အခြား အမှုအနည်းဆုံး ဆုနှင့် မှုခင်းဖြစ်ပွားမှု အနည်းဆုံးဆုကို တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ၎င်း၊ ကြိုတင်ကာကွယ်မှုအများဆုံးနှင့် ဖမ်းဆီးမှု အများဆုံးဆုကို မင်းတပ်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ မှ၎င်း၊ ပြေး (၄) ပြေးဖမ်းဆီးမှု အများဆုံးဆုကို ပလက်ဝမြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ၎င်း၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ် လွှတ်တော်ဥက္ကဌတို့မှ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အင်အား ၄၁ ဦးသည် ၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့နေ့ အမှတ်တရဖြစ်စေရန် စက်တင်ဘာလ ၂၉ ရက်နေ့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ သွေးလှူဒါန်းမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲလုံခြုံရေးအတွက် ခရိုင်နှင့် မြို့နယ်အ ဆင့်ရဲအရာရှိ မွမ်းမံသင်တန်းကို လာမည့်အောက်တိုဘာလတွင် ဟားခါးမြို့၌ ပြုလုပ်ကြမည်ဟုလည်း ထပ်မံသိရသည်။

မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...