တောင်ကျရေကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ဟားခါးလေးကျေးရွာ လူနေထိုင်ရန် မဖြစ်နိုင်တော့ဟု ဆို

တောင်ကျရေကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ဟားခါးလေးကျေးရွာ လူနေထိုင်ရန် မဖြစ်နိုင်တော့ဟု ဆို
by -
ခိုနူမ်းထုန်
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကျရေကျ ဆင်းခဲ့ခြင်းကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ချင်းပြည်နယ် တွန်ဇံမြို့နယ် ဟားခါးလေး (သို့) တွီးခိဇန်ကျေးရွာသည် ယခုအခါ လူနေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် ယင်းမြို့နဲ့သုံးမိုင်ခန့် အကွာတွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

“အရင်နေရာက လုံးဝနေထိုင်လို့ မရတော့ဘူးပေါ့။ အိမ်အသစ်ပြန်ဆောက်ပေးဖို့ကတော့ အလှူရှင် တွေ ရှိရင်တော့ ဆောက်ပေးဖြစ် မယ်။ နိုင်ငံတော်ကလည်း ဆောက်ပေးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်အေးက ပြောကြောင်း အင်တာနက်တွင် ဖော်ပြသည်။

အဆိုပါ ဟားခါးလေးကျေးရွာဟာ တောင်ပေါ်မှ စီးကျလာသော ရွှံ့နွံများကြောင့် နေအိမ် တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ပြီး ယခုအချိန်အထိ နေထိုင်ရန်မဖြစ်နိုင်သောကြောင့် လောလောဆယ် ယာယီ ရွက်ဖျင်တဲများဖြင့် ဆောက်လုပ်ထားသော တဲများတွင် နေထိုင်နေရခြင်းဖြစ်သည်။

ဟားခါးလေးကျေးရွာကို ဌာနဆိုင်ရာ၊ အင်န်ဂျီအို၊ လူမှုရေးအဖွဲ့တွေက လာရောက်အကူအညီ ပေးနေကြောင်း၊ ယခုအခါ ယာယီကျောင်းဆောင်ဆောက်လုပ်ပြီး ကျောင်းဖွင့်ပေးထားကြောင်း နှင့် ပြီးခဲ့သည့် စက်တင်ဘာလဆန်းတုန်းကလည်း အနီးအနားကျေးရွာများမှ လူငယ်များ ရာနဲ့ချီ လာရောက်ပြီး ယာယီတဲများတည်ဆောက်အကူအညီပေးခဲ့ကြကြောင်း သိရသည်။

တွန်းဇံမြို့နယ်မှ တွီးခိဇန်ကျေးရွာတွင် တွီးခိဇန်(က)ကျေးရွာနှင့် တွီးခိဇန်(ခ)ကျေးရွာဟူ၍ကျေးရွာ နှစ်ရွာရှိပြီး ယခုဖြစ်စဉ်သည် တွီးခိဇန်(ခ)ကျေးရွာတွင် ကြုံတွေ့ရခြင်းဖြစ်ကာ ဩဂုတ်လ အစောပိုင်းတွင် ရေကြီးခဲ့ခြင်းကြောင့် တွီးခိဇန်(က)တွင်လည်း ယာယီကယ်ဆယ်ရေး စခန်းပေါင်း (၇၀)ခန့် ဖွင့်လှစ်ထားရဆဲဖြစ်ကြောင်း သိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...