Dr. Sasa မှ ရခိုင်ပြည်နှင့် ချင်းပြည်ရေဘေး သင့်ပြည်သူအတွက် ဆန်အိတ် ၁၀၀၀ နှင့် စားကုန်များ ပြန်လှူ

Dr. Sasa မှ ရခိုင်ပြည်နှင့် ချင်းပြည်ရေဘေး သင့်ပြည်သူအတွက် ဆန်အိတ် ၁၀၀၀ နှင့် စားကုန်များ ပြန်လှူ
by -
ခိုနူမ်းထုန်
ချင်းပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်နေသူ Dr. Sasa က ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ချင်းပြည်သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ပိသာချိန် ၅၀၀ ၊ဆား ပိသာ ၅၀၀ ကို လှူဒါန်းဖြန့်ဖြူးနေကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်တောင်ပိုင်း ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ကေဂျီ ၅၀၀၊ အသားတု ကေဂျီ  ၅၀၀ ကိုလည်း အိန္ဒိယ အရှေ့မြောက် Assam ပြည်နယ်မှ ဝယ်ယူ တင်သွင်းရန် နှင့် စက်တင်ဘာအတွင်း ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

“အခု ပြည်နယ်နှစ်ခုရှိ ရေဘေးသင့်ပြည်သူတွေထဲက ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ကိုယ်ဝန်ဆောင် မိခင်တွေအတွက် Clean Delivery Kits ကို စက်တင်ဘာလအတွင်း ဒေသခံတွေဆီ ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်”ဟု Dr. Sasa က ခိုနုမ်းသုန်ကို ပြောသည်။

ဆက်လက်ပြီး နိုင်ငံတကာ နဲ့ ပြည်ပနိုင်ငံတွေရဲ့ မြန်မာပြည်ရေဘေးသင့်ပ့ံပိုးမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၄ သန်းသာ ရှိကြောင်း မြန်မာပြည်ရေဘေးသင့် ဒုက္ခသည်ပေါင်း သန်း ၂၀ ခန့်အတွက် ၂ လစာသာ လုံလောက်မည်ဖြစ်ကြောင်း ဒုက္ခသည်အတွက် အနည်းစာ ၁၀ လစာအတွက် ဒေါ်လာ သန်းပေါင်း ၂၀၀ နှင့် အတူ မိသားစုပြန်လည် ထူထောင်ရေး အိမ်ယာအတွက် ဒေါ်လာ သန်းပေါင်း၃၀၀ လိုအပ်နေကြောင်း သူက ဆိုသည်။

Dr. Sasa သည် အဆိုပါ ရေဘေးသင့်ချင်းပြည်သူတွေရဲ့ ပြသာနာ ဖြေရှင်းနိုင်ရေးအတွက် EU, UK, US, Canada, Japan, Australia စသည့် နိုင်ငံများထံ ဒုက္ခသည် DATA ကို အမြန်ဆုံးပေးပို့နိုင်ရေး အတွက် ဆောင်ရွက်နေပြီး အဆိုပါ အမေရိကန် ဒေါ်လာ ၃၀၀ အတွက် WFP, Who, UNICEF စသည့် UN agencies  တွေထံသို့ တင်ပြအကူအညီတောင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။

“ဒီရေဘေးသင့် ဒုက္ခကို အချိန်မှီ ဖြေရှင်းနိုင်ပါမှ နိုဝင်ဘာ ရွေးကောက်ပွဲက Free and fair ဖြစ်နိုင်မယ်၊ ဒါမှသာ ကျတော်တို့ နိုင်ငံရဲ့အုပ်ချုပ်ရေး ယန္တယားက လည်ပတ်နိုင်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီရေဘေးသင့် DATA ရရှိဖို့က အဦးဆုံးလိုအပ်ချက်ဖြစ်နေတယ်”ဟု ပြောသည်။

ချင်းပြည်နယ် မြို့တော် ဟားခါး ရေဘေးသင့်ပြည်သူများအတွက် Dr. Sasa သည် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ကေဂျီ ၅၀၀ ၊ အသားတု ကေဂျီ  ၅၀၀ ကိုလည်း ပ့ံပိုးခဲ့ပြီးဖြစ်သည်။ သို့သော် အဆိုပါ စားကုန်များသည် လမ်းပန်းဆက်သွယ်ရေး၊ ကုန်တင်ယာဉ် အခက်အခဲကြောင့် ယနေ့အချိန်အထိ နယ်စပ်ရှိ CNF အခြေစိုက်ရာ ဝိတိုရိယ စခန်းတွင် သောင်တင်နေဆဲဖြစ်သည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...