PUMP ဦးဆောင်မှုဖြင့် မြန်မာပြည်ရေဘေးသင့် ရံပုံငွေရှာဖွေ

PUMP ဦးဆောင်မှုဖြင့် မြန်မာပြည်ရေဘေးသင့် ရံပုံငွေရှာဖွေ
by -
ခိုနူမ်းထုန်
မြန်မာပြည်ရှိ အထူးသဖြင့် ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် တဖက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်တွင် People United in with a Purpose (MUMP) က ဦးဆောင်ပြီး ရံပုံငွေ ရှာဖွေမှုကို ၁၄ – ၁၅  သြဂုတ်တွင်  ပြုလုပ်ခဲ့ကြသည်။

လူမှုအသင်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် MUMP ၏ အဆိုပါ ရံပုံငွေရှာဖွေရေး အစီအစဉ်ကို အိုင်ဇောလ် မြို့လယ်ခေါင် Millennium Center ရှေ့လဟာပြင်တွင် Charity Concert ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  မီဇိုရမ် နာမည်ကြီး အဆိုတော် (၃၀) ဦးက အခမဲ့ ဖျော်ဖြေပေးခဲ့ကြသည်။

အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်သူ Pu Vanneihthanga က “ယနေ့ မြန်မာပြည်က ညီအစ်ကိုတွေ ဟာ ရေဘေးသင့်ဒါဏ်ကို ခံနေကြရတာ ကူညီလှူဒါန်းဖို့ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာ ဖြစ်တယ်။ နည်းသည် များသည် မဟုတ်ဘဲ စေတနာထက်သန်စွာ ထည့်ဝင်ကြပါ”ဟု မေတ္တာရပ်ခံ စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက “လွန်ခဲ့တဲ့ ၁၉၆၆ – ၁၉၇၀ တုန်းက မိမိတို့ မီဇိုရမ် နိုင်ငံရေးရှုပ်ထွေးတုန်းက အစိုးရ စစ်တပ်က  အိမ်တွေ မီးရှို့ကြတယ်။ မီဇိုသမီးပျိုတွေကို ဖျက်ဆီးခဲ့ကြတယ်။ အဲဒီတုန်းက မိမိတို့ဟာ ညီအကိုများ နေထိုင်ရာ မြန်မာပြည် ချင်းတောင်ကို တိမ်းရှောင်ခဲ့ကြတယ်။ အင်မတန်မှ ကြပ်တည်းနေချိန်မှာ ညီအကို ဇို(ချင်း)တွေကပဲ ကူညီခဲ့ကြတယ်။ အဲဒါကို အမြဲသတိချပ်ရအောင်”ဟု ထပ်မံပြောဆိုခဲ့သည်။

လေ့လာချက်များအရ ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များအတွက် မီဇိုရမ်ပြည်နယ် Mizoram  Pradesh Congress Committee ( MPCC) ပါတီ၊ Mizo National Front၊ Zoram Nationalist Party၊ Central Young Mizo Association,  Zofa Global Network and Green Network, Zonet TV Cable နှင့်အတူ ဆိုင်ဟား၊ လုံးလေ၊ လောင်တလိုင်၊ ကျန်ဖိုင်းမြို့များမှ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များသည်လည်း ရေဘေးသင့်ချင်းပြည်သူတွေကို ကူညီလှူဒါန်းနေကြကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...