ဟားခါးလူမှုဒုက္ခသည်များအတွက် Dr. Sasa မှ ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ကူညီ

ဟားခါးလူမှုဒုက္ခသည်များအတွက် Dr. Sasa မှ ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ကူညီ
by -
ခိုနူမ်းထုန်
Health and Hope Society တည်ထောင်သူ Dr. Sasa မှ လက်ရှိ သဘာဝ မိုးဒါဏ် ဒုက္ခကြုံတွေ့နေရသည့် ဟားခါး မြို့သူမြို့သားများအတွက် ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ထောက်ပံ့ကူညီသည်ဟု သိရသည်။

အဆိုပါ ဆန်အိတ်နှင့် လူသုံးစားကုန်များကို အိန္ဒိယနိုင်ငံ Silchar မြို့မှာ ဝယ်ယူပြီး မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှတဆင့် ပြည်တွင်းသို့ တင်သွင်းသယ်ယူသွားကြမှာဖြစ်ပြီး တခြားမြို့တွေကိုလည်း ထောက်ပံ့နိုင်ဖို့ တတ်အားသရွေ့ ကြိုးပမ်းနေကြောင်း သိရသည်။

“ဆန်အိတ်တွေကို ဗန်ဇန်တောင်ကြောမှတဆင့် ထန်တလန်မြို့ကနေ ဟားခါးကို သယ်ယူဖို့ ဖြစ်ပါ တယ်။ ပြည်သူတွေ အရေးပေါ် လိုအပ်နေတာက ဆန်နဲ့ စားသုံးကုန်ပဲ။ ဒီကိစ္စအတွက် Hakha Rescue Committee ကို ချိတ်ဆက်ဖို့နဲ့ ထောက်ပ့ံပစ္စည်းတွေ ချောချောမောမောနဲ့ ရောက်ရှိနိုင်ဖို့ CNF လူကြီးတွေကို အကူအညီ တောင်းထားပါတယ်”ဟု Dr. Sasa က ပြောသည်။

မြန်မာပြည်အပါအဝင် ချင်းပြည်သူတွေ ကြုံတွေ့ရသည့် လက်ရှိ လူမှုဒုက္ခသည် အစိုးရအုပ်ချုပ်ရေး ယန္တယားအထိ ထိခိုက်စေနိုင်သည့် သဘာဝ ဘေးဒါဏ်ဖြစ်သဖြင့် အစိုးရအပါအဝင် လူမှုအသင်းအဖွဲ့ နှင့် အလွှာပေါင်းစုံတွင် တာဝန်ရှိသည်ဟု ဆက်ပြောသည်။

“ဒီလူမှုဒုက္ခကြီးဟာ စားဝတ်နေရေးကိစ္စ သုံးရပ်စလုံးကို ထိခိုက်သွားတယ်။ အစာရေစာပြဿနာ အပြင် အိုးမဲ့ အိမ်မဲ့ ပြဿနာက ရှိသေးတယ်။ ဒါက ဟားခါးထဲ မဟုတ်ဘူး။ တခြား မြို့တွေ၊ နယ်တွေက လူမှုပြဿနာတွေ တပုံကြီး ရှိသေးတယ်။ ဒီတော့ အားလုံးမှာ တာဝန်ရှိတယ်”ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း  ပြည်သူတွေ ကြုံတွေ့နေရသည့် သဘာဝဘေးဒါဏ်များအနက် ဟားခါးမြို့သည့် အဆိုးဝါး ဆုံးဖြစ်ပြီး ပလက်ဝမြို့သည် ဒုတိယ အများဆုံးဖြစ်လိမ့်မည်ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (၁) Pu Paul Sitha က ပြောသည်။

“ပြည်တွင်းကို ဆက်သွယ်ကြည့်ရာမှာ ဟားခါးက ပထမ၊ ပလက်ဝက ဒုတိယ အများဆုံးလို့ ပြောလို့ရတယ်၊ တချို့ မတူပီလို မြို့တွေက ကားလမ်း လုံးဝ ပျက်သွားတော့ရင် မကြာဘူး။ ပြည်သူတွေ စားသောက်ရေးပြဿနာနဲ့ ကြုံရတော့မှာ ကျိန်းသေပဲ”ဟု ပြောသည်။

အိန္ဒိယ–မြန်မာနယ်စပ်ဖြတ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းရှိ မံဆောင်းတံတားသည် ရေတိုက်စားမှုကြောင့် ကားများ ဖြတ်သန်းမသွားနိုင်တော့သဖြင့် တီးတိန်၊ ဖလမ်းမြို့ကို ဖြတ်မည့်  တဖက်မီဇိုရမ်မှ အထောက်အပ့ံများ သယ်ယူဖို့ အခက်အခဲရှိနေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် CYMA မှ ထောက်ပ့ံသည့် ဆန်အိတ်များသည် နယ်စပ်မှတဆင့် ဗန်ဇန်တောင်ကြော ကို ဖြတ်ပြီး ထန်တလန်–ဟားခါးသို့ ဝင်ရောက်နေပြီဖြစ်သည်။ မီဇိုရမ် နယ်စပ် Mara Autonomous District ဆိုင်ဟားမြို့မှ အထောက်အပ့ံများသည် ကားလမ်း ပြည်တွင်းသို့ မသယ်ယူနိုင်ကြသေး ကြောင်း သိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...