ကလေးမြို့ ရေဘေးသင့်ပြည်သူ ၈၀၀၀ ခန့်ရှိပြီ

ကလေးမြို့ ရေဘေးသင့်ပြည်သူ ၈၀၀၀ ခန့်ရှိပြီ
by -
ခိုနူမ်းထုန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ယခု ဇူလိုင်လကုန်အထိ ရေကြီး မှုကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀၀ နီးပါး ရှိနေပြီဖြစ်သည်ဟု သိရသည်။

ကလေးမြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ် ကဲမှုအဖွဲ့မှရရှိသော စာရင်းအရ ကလေးမြို့ပေါ်ရှိ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ အောင်မြေမာန်၊ အောင်သစ္စာ စသည့် ရပ်ကွက် ၅ ခု နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာပေါင်း ၃၀ ခန့်တွင် ရေလွှမ်းမိုးမှုကြောင့် ဒေသခံပြည်သူ ရ,၇၀၈ ဦးကို မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းတွင် နေရာချထားပေးရကြောင်း သိရသည်။

ကလေးမြို့ပေါ်တွင် ယခုလက်ရှိ ကယ်ဆယ်ရေးစခန်း (၅) ခုဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူများကို ဒေသခံတွင်း အခြေစိုက် စေတနာရှင်များ၊ လူမှုအသင်းအဖွဲ့အများနှင့် ကမ္ဘောဇဘဏ်တို့မှ အကူအညီပေးလျက်ရှိသည်ဟု သိရသည်။

ရေကြီးမှုကြောင့် အနီးအနားပတ်ဝန်းကျင်းကျေးရွာရှိ စပါးစိုက်ပျိုး ထားပြီးသော လယ်မြေဧကပေါင်း များစွာ ပျက်ဆီးခဲ့ရပြီး ဒေသခံများ အဓိကအသုံးပြုနေရသော တံတာများလည်း ကျိုးကျပျက်စီးသွား သည်ဟု သိရသည်။

ကလေးမြို့နယ် ပျဉ်းတောဦးကျေးရွာမှ ရွာသူတစ်ဦးက “ပြီးခဲ့တဲ့တစ်ပတ်ကဘဲ ကျမတို့လယ်လည်း စပါးစိုက်ပြီးတာ အခုတော့ ရေကြီးလို့ အကုန်ပျက်စီးသွားပြီ”ဟု ပြောသည်။

အလားတူ ကလေးမြို့ရပ်ကွက်အတော်များများတွင်လည်း ရေကြီးမှုကြောင့် အိမ်တွင်းပစ္စည်များ တစ်ခုမကျန် ရေထဲအကုန် ပါသွားသူများလည်း ရှိသည်။

“ပစ္စည်းတွေကို အိမ်ခေါ်မိုးပေါ်မှာ တင်ထားတာ အခုတော့ တအိမ်လုံးမြှုပ်သွားတော့ အကုန်ပါသွားပြီ”ဟု ကလေးမြို့ ညောင်ပင်သာ ရပ်ကွက်နေ ကိုဖိုးသားက ပြောသည်။

ယခုရေကြီးမှုသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်သည်ဟု ကလေးမြို့ ဒေသခံများက ပြောဆိုကြသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...