မြန်မာအစိုးရမှ နှစ်လကြာ ဖမ်းဆီးထိန်းသိမ်းထားသော မီဇိုးလူမျိုး ၁၈ ဦးကို မီဇိုရမ်အစိုးရထံ ပြန်အပ်

မြန်မာအစိုးရမှ နှစ်လကြာ ဖမ်းဆီးထိန်းသိမ်းထားသော မီဇိုးလူမျိုး ၁၈ ဦးကို မီဇိုရမ်အစိုးရထံ ပြန်အပ်
by -
ခိုနူမ်းထုန်
အမှတ် (၁) အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် မီဇိုးလူမျိုး ၁၈ ဦးကို မြန်မာအစိုးရက တမူးမြို့တွင် ဖမ်းဆီးခဲ့ရာ နှစ်လကြာ ထိန်းသိမ်းပြီးနောက် ဇွန်လ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အစိုးရထံ ပြန်လည်အပ်နှံလိုက်သည်။

၎င်းတို့သည် အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်၊ Tlangsam ကျေးရွာမှ ကလေးငယ်များ အပါအဝင် လူဦးရေ ၁၉ ဦးအဖွဲ့သည် မတ်လ ၁၅ ရက်နေ့က  စတင်ထွက်ခွာလာခဲ့ရာ မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ်ကိုဖြတ်ကျော် ကာ မြန်မာဘက်ခြမ်း Khawzimkai ကျေးရွာအကျော်တွင် မြန်မာရဲများက မတ်လ ၂၄ ရက်နေ့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့အဖမ်းခံရပြီး တမူးမြို့တွင် ထိန်းသိမ်းခံရစဉ်တွင် ယင်းအဖွဲ့ကို ဦးဆောင်လာသူ Lawmzuali ၏ အမျိူးသား Zonghinglova သည် နာမကျန်းဖြစ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်း ကိစ္စကို ကြားသိသော တမူးမြို့ရှိ မီဇိုးလူငယ် အဖွဲ့အစည်းများက သွားရောက်ကြည့်ရှုခဲ့ရာ စားစရာများ ထောက်ပံ့ ပေးခဲ့ကြပြီး၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြရာ နေရပ် မီဇိုရမ်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက သဘောတူခဲ့ကြသည်။

ထို့နောက် ဇွန်လ ၁ ရက်နေ့ညတွင် ထိန်းသိမ်းခံ ၁၈ ဦးကို တမူးမီဇိုးလူငယ်အဖွဲ့အစည်းအပါအဝင် မြန်မာ (immigration official) လဝက နှင့် ပြည်သူ့ရဲတို့မှ ကလေးမြို့တာဟန်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုမှတဆင့် တာဟန်းရှိ မီဇိုးလူငယ် အဖွဲ့အစည်းများက တာဝန်ယူ၍ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် နယ်စပ် Zokhawthar ကျေးရွာအထိ လိုက်ပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူ ၁၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားချိန်ကစပြီး မီဇိုရမ်ပြည်နယ် အထိရောက်လာအောင် ငွေရေးကြေးရေး အားဖြင့်သော်လည်းကောင်း အစစအရာရာ ကူညီပေးခဲ့ကြသော တမူးမီဇိုလူငယ်နှင့် တာဟန်းမီဇိုး လူငယ်အဖွဲ့အစည်း တို့အပေါ် အထူးကျေးဇူးတင် ရှိကြောင်း မီဇိုရမ်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...