တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ

တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ
by -
နိရဥ္စရာ
မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့တွင် ပိတ်မိနေသူ လူပေါင်း ၁၀၀၀ ကျော်အား စက်တင်ဘာ ၁၀ ရက်နေ့နံနက်တွင် ကားများဖြင့် ပြောင်းရွှေ့လာရာ ညနေ ၆ နာရီခန့်တွင် မောင်တောမြို့ပေါ်သို့ ရောက်ရှိလာကြောင်း နံသာတောင် ဆရာတော်ဦးစာရဏမှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

njr1101“လူပေါင်း ၁၂၀၀ လောက်ပါလာပါတယ်။ စစ်တပ်က လော်ရီကားကြီး ၈ စီး၊ အရပ်သားကား ၄ စီး၊ စုစုပေါင်း ၁၂ စီး သယ်ယူလာတာပါ။ အဓိက ပြောင်းရွှေ့လာရတာက လုံခြံုရေး စိတ်မချရလို့ပါ။ မနက်ဖြန် ၁၁ ရက်နေ့မှာ တောင်ပြိုကို ဘင်္ဂလီအကြမ်းဖက်သမားတွေက လူအုပ်နဲ့ ၀ိုင်းတိုက်မယ်ဆိုပြီး သတင်းရတဲ့ အတွက် လုံခြံုရေး ပိုကောင်းမွန်တဲ့ မောင်တောကို ရွှေ့လာရတာပါ” ဟု ဦးဇင်း စာရဏက မိန့်ကြားသည်။

၎င်းပြင် တောင်ပြိုတွင် စားနပ်ရိက္ခာလည်း အခက်အခဲရှိသဖြင့် ထိုအခြေအနေနှစ်ရပ်ကြောင့် မောင်တောသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“ နံ့သာတောင်ကျောင်းက ကျောင်းသား ကျောင်းသူ ၃၇၅ ယောက်နဲ့ နံတောင်ရွာသားတွေ အပါအဝင် လူပေါင်း ၅၀၀ ကျော်ကိုတော့ မောင်တော မြို့ပေါ်မှာ နေရာချပေးထားပါတယ်။ ကျန်တဲ့လူတွေကိုတော့ မောင်တော သာသနာဗိမာန်မှာနေရာချပေးထားပါတယ်” ဟု ပြောကြားသည်။

ယခုပြောင်းရွှေ့လာကြသူများ အထဲတွင် တောင်ပြိုကသာမက တမန်းသား၊ သာယာကုန်း၊ သင်္ဘောလှနှင့် နံသာတောင်မှ ကျေးရွာသားများလည်း ပါ၀င်သည်ဟု သိရသည်။

တောင်ပြိုတွင် တစ်ခြားကျန်နေသေးသူများလည်းရှိနေပြီး အောင်သပြေနှင့် ဗန္ဓုလကျေးရွာတို့တွင်လည်း ပိတ်မိနေသူများကို ပြောင်းရွှေ့ရန်လိုအပ်နေကြောင်း သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...