“လူပေါင်း ၁၂၀၀ လောက်ပါလာပါတယ်။ စစ်တပ်က လော်ရီကားကြီး ၈ စီး၊ အရပ်သားကား ၄ စီး၊ စုစုပေါင်း ၁၂ စီး သယ်ယူလာတာပါ။ အဓိက ပြောင်းရွှေ့လာရတာက လုံခြံုရေး စိတ်မချရလို့ပါ။ မနက်ဖြန် ၁၁ ရက်နေ့မှာ တောင်ပြိုကို ဘင်္ဂလီအကြမ်းဖက်သမားတွေက လူအုပ်နဲ့ ၀ိုင်းတိုက်မယ်ဆိုပြီး သတင်းရတဲ့ အတွက် လုံခြံုရေး ပိုကောင်းမွန်တဲ့ မောင်တောကို ရွှေ့လာရတာပါ” ဟု ဦးဇင်း စာရဏက မိန့်ကြားသည်။
၎င်းပြင် တောင်ပြိုတွင် စားနပ်ရိက္ခာလည်း အခက်အခဲရှိသဖြင့် ထိုအခြေအနေနှစ်ရပ်ကြောင့် မောင်တောသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
“ နံ့သာတောင်ကျောင်းက ကျောင်းသား ကျောင်းသူ ၃၇၅ ယောက်နဲ့ နံတောင်ရွာသားတွေ အပါအဝင် လူပေါင်း ၅၀၀ ကျော်ကိုတော့ မောင်တော မြို့ပေါ်မှာ နေရာချပေးထားပါတယ်။ ကျန်တဲ့လူတွေကိုတော့ မောင်တော သာသနာဗိမာန်မှာနေရာချပေးထားပါတယ်” ဟု ပြောကြားသည်။
ယခုပြောင်းရွှေ့လာကြသူများ အထဲတွင် တောင်ပြိုကသာမက တမန်းသား၊ သာယာကုန်း၊ သင်္ဘောလှနှင့် နံသာတောင်မှ ကျေးရွာသားများလည်း ပါ၀င်သည်ဟု သိရသည်။
တောင်ပြိုတွင် တစ်ခြားကျန်နေသေးသူများလည်းရှိနေပြီး အောင်သပြေနှင့် ဗန္ဓုလကျေးရွာတို့တွင်လည်း ပိတ်မိနေသူများကို ပြောင်းရွှေ့ရန်လိုအပ်နေကြောင်း သိရှိရသည်။







