မြင်းလွတ်နှင့် ဥဒေါင်းကျေးရွာမှ ထွက်ပြေးလာသည့် ဆံပင်ညှပ်သည့် ဟိန္ဒူမိသားစုဝင် ၆ ဦး အသတ်ခံရ

မြင်းလွတ်နှင့် ဥဒေါင်းကျေးရွာမှ ထွက်ပြေးလာသည့် ဆံပင်ညှပ်သည့် ဟိန္ဒူမိသားစုဝင် ၆ ဦး အသတ်ခံရ
by -
နိရဥ္စရာ
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နှင့် ဥဒေါင်းကျေးရွာရှိ ကင်းစခန်း များအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများက တိုက်ခိုက်နေခြင်းကြောင်း မနေထိုင်ဝံ့တော့ဘဲ မောင်တောမြို့ပေါ်သို့ ထွက်ပြေး လာကြသည့် ဟိန္ဒူမိသားစု ၂ စုမှ ကလေးငယ်များ ပါအဝင် လ ူ၆ ဦးသည် သြဂုတ်လ ၂၆ ရက်နေ့ မနက်တွင် မောင်တောမြို့ မြို့သူကြီး ဘင်္ဂလီရွာတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မူကို ခံလိုက်ရပြီး ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ မနက်တွင် အလောင်းများ မောင်တော ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

သတ်ဖြတ်ခံရ၍ သေဆုံးသူများမှာ ၁။ နာရစ်နာ (၃၅)နှစ် (ဘ)ဇော်ဒူရမ် ၂။ ဟမ်မောင်တော် (၃၅) နှစ် (ဘ) မော်နော်ရိမ် ၃။ ခူလော်နီ (၄)နှစ် (ဘ) ဇော်ဒူရမ် ၄။ ချူနာမ်ဒါ ယောကျင်္ားလေး (၅)နှစ် (ဘ)နာရစ်နာ ၅။ ချစ်တာ ယောကျင်္ားလေး (၅) နှစ် (ဘ)ဟမ်မော်တော် ၆။ မာကူနဖိ မိန်ကလေး (၃ )နှစ် (ဘ)ဟမ်မော်တော် တို့ဖြစ်ကြောင်းသိရသည်။

အသတ်ခံရသူ “နာရစ်နာ”၏ မိန်းမသော်နာနီ (၂၅ )နှစ် (ဘ)နော်နစ်ယာ မှာ သေနတ်ဒဏ်ရာ ရရှိပြီး ဘူသီးတောင်ဆေးရုံတွင် ဆေးကုသမူခံယူလျှက်ရှိပြီး ကျန်တစ်ယောက်မှာလည်း ဓါးဒဏ်ရာအနည်းငယ်ရှိထားသည်ဟု မောင်တောရဲက အတည်ပြု ပြောကြားသည်။

၎င်းမိသားစု ၂ စုသည် ဘင်္ဂလီရွာအများအပြားကို ဖြတ်သန်းပြီး ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း မောင်တောမြို့ အဝင် မြို့သူကြီး ဘင်္ဂလီရွာတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မူကို ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

(ဆေးရုံသို့ ရောက်ရှိလာကြသည့် ဟိန္ဒူမိသားစုများကိုတွေ့ရစဉ်)

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...