သတ်ဖြတ်ခံရ၍ သေဆုံးသူများမှာ ၁။ နာရစ်နာ (၃၅)နှစ် (ဘ)ဇော်ဒူရမ် ၂။ ဟမ်မောင်တော် (၃၅) နှစ် (ဘ) မော်နော်ရိမ် ၃။ ခူလော်နီ (၄)နှစ် (ဘ) ဇော်ဒူရမ် ၄။ ချူနာမ်ဒါ ယောကျင်္ားလေး (၅)နှစ် (ဘ)နာရစ်နာ ၅။ ချစ်တာ ယောကျင်္ားလေး (၅) နှစ် (ဘ)ဟမ်မော်တော် ၆။ မာကူနဖိ မိန်ကလေး (၃ )နှစ် (ဘ)ဟမ်မော်တော် တို့ဖြစ်ကြောင်းသိရသည်။
အသတ်ခံရသူ “နာရစ်နာ”၏ မိန်းမသော်နာနီ (၂၅ )နှစ် (ဘ)နော်နစ်ယာ မှာ သေနတ်ဒဏ်ရာ ရရှိပြီး ဘူသီးတောင်ဆေးရုံတွင် ဆေးကုသမူခံယူလျှက်ရှိပြီး ကျန်တစ်ယောက်မှာလည်း ဓါးဒဏ်ရာအနည်းငယ်ရှိထားသည်ဟု မောင်တောရဲက အတည်ပြု ပြောကြားသည်။
၎င်းမိသားစု ၂ စုသည် ဘင်္ဂလီရွာအများအပြားကို ဖြတ်သန်းပြီး ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း မောင်တောမြို့ အဝင် မြို့သူကြီး ဘင်္ဂလီရွာတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မူကို ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
(ဆေးရုံသို့ ရောက်ရှိလာကြသည့် ဟိန္ဒူမိသားစုများကိုတွေ့ရစဉ်)







