AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု

AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်တော် (ALA) တို့အကြား သြဂုတ် ၂၂ ရက်နေ့လယ် ၂ နာရီမှ စတင်ပြီး အိန္ဒိယ မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက အတည်ပြု ပြောကြားသည်။

“ မနေ့ ည (သြဂုတ် ၂၁) ၁၀ နာရီခန့်မှာ ကျွန်မတို့ဆီက မီးသွေးဆိုတဲ့ အရာရှိ တစ်ယောက်နဲ့ သန်းထိုက်ဆိုတဲ့ ရဲဘော်တစ်ယောက်ကို အေအေကနေ ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီလောက် အချိန်မှာ ကျွန်မတို့ဌာချုပ်ကို လက်နက်ကြီးတွေနဲ့ဝင်တိုက်တယ်လို့ သိရပါတယ်။ ကျွန်မ နောက်ဆုံးရတဲ့ သတင်းက ကျွန်မတို့ဆီက ရဲဘော်တစ်ယောက် ကျသွားတယ်လို့ သတင်းရပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

အေအေမှ ALP ဌာနချုပ်အား ၀င်ရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး အကြောင်း (၃) ချက်ခန့်ရှိနိုင်ကြောင်း၊ အဓိကနယ်မြေပြဿနာ ဖြစ်နိုင်ကြောင်း သူမက ပြောဆိုသည်။

“ ကျွန်မအနေနဲ့တော့ အခု ဖြစ်နေတဲ့ တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ဖို့တောင်းဆိုပါတယ်။ ရခိုင်အချင်းချင်း ခုလို ဖြစ်တာဟာ အလွန်ရှက်စရာကောင်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်နေကြတဲ့ အဖွဲ့အစည်းအချင်း ခုလို ဖြစ်တာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကျွန်မတို့ အမြန်ဆုံး ရပ်တန့်ဖို့လိုပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

တိုက်ပွဲ စဖြစ်ပွားချိန်မှာ ဖုန်းဆက်သွယ်ရကြောင်း၊ နောက်ပိုင်းတွင် ဖုန်းအဆက်အသွယ် မရတော့ကြောင်း၊ သို့အတွက် သူမအနေဖြင့် အလွန်စိုးရိမ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိနေသူ ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...