AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု

AA နှင့် ALP တိုက်ပွဲ ဖြစ်ပွားမှု ALP တာဝန်ရှိသူတစ်ဦး အတည်ပြု
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်တော် (ALA) တို့အကြား သြဂုတ် ၂၂ ရက်နေ့လယ် ၂ နာရီမှ စတင်ပြီး အိန္ဒိယ မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက အတည်ပြု ပြောကြားသည်။

“ မနေ့ ည (သြဂုတ် ၂၁) ၁၀ နာရီခန့်မှာ ကျွန်မတို့ဆီက မီးသွေးဆိုတဲ့ အရာရှိ တစ်ယောက်နဲ့ သန်းထိုက်ဆိုတဲ့ ရဲဘော်တစ်ယောက်ကို အေအေကနေ ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီလောက် အချိန်မှာ ကျွန်မတို့ဌာချုပ်ကို လက်နက်ကြီးတွေနဲ့ဝင်တိုက်တယ်လို့ သိရပါတယ်။ ကျွန်မ နောက်ဆုံးရတဲ့ သတင်းက ကျွန်မတို့ဆီက ရဲဘော်တစ်ယောက် ကျသွားတယ်လို့ သတင်းရပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

အေအေမှ ALP ဌာနချုပ်အား ၀င်ရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး အကြောင်း (၃) ချက်ခန့်ရှိနိုင်ကြောင်း၊ အဓိကနယ်မြေပြဿနာ ဖြစ်နိုင်ကြောင်း သူမက ပြောဆိုသည်။

“ ကျွန်မအနေနဲ့တော့ အခု ဖြစ်နေတဲ့ တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ဖို့တောင်းဆိုပါတယ်။ ရခိုင်အချင်းချင်း ခုလို ဖြစ်တာဟာ အလွန်ရှက်စရာကောင်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်နေကြတဲ့ အဖွဲ့အစည်းအချင်း ခုလို ဖြစ်တာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကျွန်မတို့ အမြန်ဆုံး ရပ်တန့်ဖို့လိုပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

တိုက်ပွဲ စဖြစ်ပွားချိန်မှာ ဖုန်းဆက်သွယ်ရကြောင်း၊ နောက်ပိုင်းတွင် ဖုန်းအဆက်အသွယ် မရတော့ကြောင်း၊ သို့အတွက် သူမအနေဖြင့် အလွန်စိုးရိမ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိနေသူ ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...